အစ္စရေး၏ လက်ဘနွန်နှင့် ဂါဇာကျူးကျော်စစ်ကြောင့် အမေရိကန်နှင့် ဆွေးနွေးနေသည့် အပစ်ရပ်ရေးလမ်းကြောင်း ပျက်ပြားနိုင်ကြောင်း အီရန် သတိပေး

(နိုင်ငံတကာ) ဇွန် ၂

     အစ္စရေးစစ်တပ်၏ လက်ဘနွန်နိုင်ငံအပေါ် စစ်ရှိန်မြှင့်တင်မှုများနှင့် ဂါဇာကမ်းမြောင်ဒေသအတွင်း ဆက်လက်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်သည့် စစ်ဆင်ရေးများသည် အမေရိကန်ပြည်ထောင်စုနှင့် အီရန်တို့အကြား တရွတ်တိုက်ကြန့်ကြာနေသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများကို အပြီးတိုင်ပျက် ပြားသွားစေနိုင်ကြောင်း အီရန်အဆင့်မြင့်တာဝန်ရှိသူများက ပြင်းထန်စွာ သတိပေးလိုက်သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရတ်ခ်ချီက အမေရိကန်-အီရန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် လက်ဘနွန်မျက်နှာစာအပါအဝင် စစ်မျက်နှာအားလုံးနှင့် သက် ဆိုင်ကြောင်း၊ ထို့ကြောင့် အစ္စရေး၏ လက်ဘနွန်ကျူးကျော်စစ်နှင့် အမေရိကန်၏ အီရန်ဆိပ် ကမ်းများအပေါ် ရေကြောင်းပိတ်ဆို့ထားမှုများသည် အပစ်ရပ်မှုကို ချိုးဖောက်ခြင်းဖြစ်ပြီး နောက်ဆက်တွဲအကျိုး ဆက်အားလုံးအတွက် ဝါရှင်တန်နှင့် တယ်လ်အဗီးဗ်တို့တွင် တာဝန်ရှိကြောင်း လူမှုကွန်ရက်မှတစ်ဆင့် ပြောကြားခဲ့သည်။

None

     အလားတူပင် အီရန်၏ အဓိကညှိနှိုင်းရေးမှူး မိုဟမ္မဒ် ဘာဂါ ဂါလီဘတ်ကလည်း အစ္စရေး၏ ရန်စမှုများ ဆက်ရှိနေပါက အမေရိကန်နှင့် ဆွေးနွေးမှုအားလုံးကို ရပ်တန့်ရုံ တင်မကဘဲ ရန်သူနှင့် တိုက်ရိုက်ရင်ဆိုင် တိုက်ပွဲဝင်သွားမည်ဟု လက်ဘနွန်လွှတ် တော်ဥက္ကဋ္ဌ နာဘီ ဘာရီသို့ ပြောကြားခဲ့သည်။

     ထို့ပြင် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC)ကလည်း အစ္စရေးက ဂါဇာနှင့် လက်ဘနွန်တွင် စည်းနီကျော်လာပါက စစ်မျက်နှာသစ်များဖွင့်ကာ ဟော်မုဇ်ရေလက်ကြားကို ဆက် လက်ပိတ်ဆို့ထားမည်ဟု ခြိမ်းခြောက်ထားသည်။

     ဤအတောအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တင်းမာမှုများကို ကြားဝင်လျှော့ချပေးခဲ့ကြောင်းနှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုထံမှ ဘေရွတ်မြို့သို့ စစ် သည်များ ဆက်လက်စေလွှတ်တော့မည်မဟုတ်ကြောင်း အာမခံချက်ရရှိထားသလို၊ ဟစ်ဇ်ဘိုလာကိုယ်စား လှယ်များနှင့်လည်း ဆွေးနွေးမှုပြုလုပ်ပြီး နှစ်ဖက်စလုံး ပစ်ခတ်မှုရပ်စဲရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည်ချက်ရှိရှိ အရိပ်အယောင်ပြခဲ့သည်။ ထရမ့်က အီရန်နှင့် ညှိ နှိုင်းမှုများ အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲဖြစ်ပြီး အားလုံးအဆင်ပြေသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

     သို့သော်လည်း အစ္စရေး၏ အစွန်းရောက်လက်ယာဝါဒီ အမျိုးသားလုံခြုံရေးဝန်ကြီး အီတာမာ ဘန်ဂါဗီယာကမူ သမ္မတထရမ့်၏ တောင်းဆိုချက်ကို ငြင်းပယ်ရန် အချိန်တန်ပြီဖြစ်ပြီး ဟစ်ဇ်ဘိုလာကို အစွမ်းကုန် ဆက်လက်ချေမှုန်းရန် နေတန်ယာဟုကို တွန်းအားပေးခဲ့သည်။

     လက်ဘနွန်နိုင်ငံပိုင်သတင်းများအရ လက်ဘနွန်တောင်ပိုင်းတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြင်း ထန်နေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် မတ်လမှစတင်ကာ အစ္စရေး ၏ တိုက်ခိုက်မှုများကြောင့် လက်ဘနွန်ပြည်သူ ၃,၄၃၃ ဦး သေဆုံးခဲ့ပြီး ၁၀,၃၉၅ ဦး ဒဏ်ရာရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN