မြောက်ဥက္ကလာပမြို့နယ်ရှိ အထက်တန်းကျောင်း မိုးကြိုးပစ်ခံရ၍ ဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး မိုးကြိုးစက်ကွင်းထိမှန်

(ပြည်တွင်း) ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အထက်တန်းကျောင်းရှိ သစ်ပင်မိုးကြိုးပစ်ခံရသဖြင့် အနီးနားရှိ ဆရာမတစ်ဦးနှင့် ကျောင်းသားနှစ်ဦး မိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ မွန်းလွဲ ၂နာရီ ၃၅မိနစ်အချိန်ခန့်က ပြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ၊ အမှတ် ၇ အထက်တန်းကျောင်းအပေါက်ဝအနီးရှိကုက္ကိုပင်အား မိုးကြိုးပစ်ခံရပြီး အနီးနားတွင်ရှိနေသည့် ဆရာမဒေါ်ဖြိုးဇာဇာ နှင့် မူလတန်းကျောင်းသားနှစ်ဦးဖြစ်သည့် မောင်အောင်ဘုန်းခန့်၊မောင်အောင်ဖြိုးမြတ်တို့လည်း မိုးကြိုးထိမှန်ခဲ့ရာ လဲကျသွားကြောင်း သိရသည်။

အဆိုပါ မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ဆရာမဒေါ်ဖြိုးဇာဇာတွင် ခြေထောက်နှင့်လက်တွင်လည်းကောင်း၊ ကျောင်းသား တစ်ဦးတွင် ဘယ်ဘက်ပါးပွန်းပဲဒဏ်ရာနှင့် ဘယ်ဘက်နားထင် ဒဏ်ရာရရှိခဲ့ကြောင်း၊ထိခိုက်ဒဏ်ရာရရှိသူများအား မြောက်ဥက္ကလာဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

#PAN