မရမ်းကုန်းတွင် ကားမီးလောင်မှုကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရ

(မှုခင်း) ဇွန် ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကားမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းတွင် ကားတစ်စီးမီးလောင်ပြီး ကားအတွင်းလူတစ်ယောက် ညှပ်နေကြောင်းကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၃ မိနစ် အချိန်တွင် မီးငြှိမ်းသွားခဲ့ကြောင်းသိရသည်။

ကားမီးလောင်မှုကြောင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သူနာတင်ယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။