
(မှုခင်း) ဇွန် ၁
မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်၊၇၆ လမ်း၊၃၂×၃၃ လမ်းကြားရှိ SNOW စတိုးဆိုင်တွင် သံဖရိန်ဝရိန်ဆော်ရာမှ မီးပွားကျပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မေလ ၃၁ရက် နံနက် ၉နာရီ၁၅မိနစ်အချိန်က ချမ်းအေးသာစံမြို့နယ်၊မောရဂီဝါရပ်ကွက်တွင် ဦးအောင်ခန့်ဇော်၊၄၆နှစ်၊(ဘ)ဦးအဖီး၊ ပိုင်ဆိုင်သော SNOW စတိုးဆိုင်၏ အပေါ်ထပ်တွင် သံဖရိန်များအား အောင်ခိုင်ထွန်း၊၂၅နှစ်၊(ဘ)ဦးနိုင်ထွန်း၊ကန်ကြီးကုန်းကျေးရွာ၊ပုသိမ်ကြီးမြို့ နယ်နေသူက ဝရိန်ဆော်ရာမှ မီးပွားလွင့်စင်ပြီး အနီးရှိ အပူခံဖော့များပေါ် မီးပွားကျရာမှ မီးစတင်လောင် ကျွမ်းခြင်းဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရပြီး နံနက်၉နာရီ၂၀မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် အပူခံဖော့ပြားများ၊ဝရိန်ဆော်စက် ၁လုံး၊ဖောက်စက် ၁လုံး၊လက်ကိုင်ကျောက်ဖြတ်စက် ၁လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ အောက်ခိုင်ထွန်းအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။