ရထား လမ်းဖြတ်ကူးမောင်းနှင်လာသည့် ဆိုင်ကယ်အား အမြန်ရထားမှတိုက်မိပြီး ၂ဦးသေဆုံး

(မှုခင်း) မေ ၂၉

နေပြည်တော်၊ ရန်ကုန် – မန္တလေး ရထားသံလမ်း မိုင်တိုင်အမှတ် ၂၃၂/၁၈ နှင့် ၂၃၂/၁၉ ကြားတွင် ခရီးသည်တင်အမြန်ရထားမှ လမ်းဖြတ်ကူးမောင်းနှင်လာသည့် ဆိုင်ကယ်အား တိုက်မိခဲ့ကြောင်း သိရသည်။

ပျဥ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာအုပ်စု၊ ရှမ်းစုကြီးကျေးရွာ၊ ကျေးရွာအဝင် ရန်ကုန် – မန္တလေး ရထားသံလမ်း မိုင်တိုင်အမှတ် ၂၃၂/၁၈ နှင့် ၂၃၂/၁၉ ကြားတွင် အမှတ်(၁၂) အစုန် ခရီးသည်တင်အမြန်ရထားမှ
မောင်းလာစဥ် လဲလူးအိုင်ကျေးရွာဘက်မှ ရှမ်းစုကြီးကျေးရွာဘက်သို့ နေသူ၊ ၃၆ နှစ်ခန့်၊ (ဘ)ဦးဝင်းမော် လဲလူးအိုင်ကျေးရွာ/အုပ်စု၊ ပျဉ်းမနားမြို့နယ်နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါစီးသူ မိုးငယ်လေး၊ ၃၈ နှစ်၊ (ဘ)ဦးထွန်းစိန်၊ ရွာသစ်ကျေးရွာ/အုပ်စု၊ ပျဉ်းမနားမြို့နယ်နေသူ ဆိုင်ကယ်အား တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားတိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ နေသူနှင့် ဆိုင်ကယ်နောက်မှ လိုက်ပါစီးသူ မိုးငယ်လေးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ ရထားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ကြောင့် ရထားခရီးစဉ်ရပ်တန့်မှုမရှိဘဲ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။