(ပြည်တွင်း) မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့ပေါ်သို့ အကြမ်းဖက်PDFများက လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ပင်မဆောင်ပေါ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၃နာရီ၄၀မိနစ်အချိန်က ငါန်းဇွန်မြို့ပေါ်သို့ အကြမ်းဖက်PDFများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လက်နက် ကြီးဗုံးသီး ၁လုံးမှာ အမှတ်(၁)ရပ်ကွက်၊ ရွှေသိမ်တော် ဘ/ကဘုန်းတော်ကြီးသင်ပညာရေးကျောင်းဝင်းအတွင်းရှိ ကျောင်းထိုင်ဆရာ တော် သီတင်းသုံးနေထိုင်သည့် ပင်မကျောင်းဆောင်ပေါ်သို့ ၁လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ကျောင်း ဆောင်ခေါင်မိုးနှင့် မျက်နှာကြက်များ ပွင့်ထွက်ပျက်စီးခဲ့ကြောင်း သိရသည်။
၎င်းအပြင် အမှတ်(၁)ရပ်ကွက်၊တောရဘုန်းတော်ကြီးကျောင်း၏ တောင်ဘက်ရှိ ဆရာလေး ဒေါ်ဝေပုလ္လ နေထိုင်သည့် သီလရှင်ကျောင်းဝင်းတောင်ဘက် မြေကွက်လပ်အတွင်း ဗုံးသီးတစ်လုံးကျရောက် ပေါက်ကွဲခဲ့ကြောင်း၊ လက်နက် ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ပျက်စီး၊ဒဏ်ရာရရှိမှု မရှိကြောင်းသိရသည်။
#PAN