ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တစ်နေ့တည်း ယာဉ်တိမ်းမှောက်မှု ၂ ကြိမ် ဖြစ်ပွားရာမှ ၂ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

(မှုခင်း) မေ ၂၅

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် တစ်နေ့တည်း ယာဉ်တိမ်းမှောက်မှု ၂ ကြိမ် ဖြစ်ပွားရာမှ ၂ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲ၃နာရီအချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၃၆/၆- ၁၃၆/၇ကြား (ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့)(အသွားလမ်း) တွင် ယာဉ်မောင်းပါ ကျား(၄)ဦး ၊မ(၁)ဦး ပေါင်း (၅)ဦး လိုက်ပါလာသည့် Toyota Wish အမျိုးအစား အဖြူရောင် ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ လမ်း​ဘေးသို့​ရောက်ရှိကာ, လမ်းတာ​ဘောင်ထိပ်ရှိ အရိပ်ရ သစ်ပင် ၂ပင်အား ဝင်ရောက်တိုက်မိပြီး ရှေ့ဘီးပြုတ်ထွက်ကာ လမ်းနယ်အစွန် ရေမြောင်းအနီးသို့ ရောက်ရှိ ခဲ့သော ယာဉ်တိုက် မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးနှင့်မ(၁)ဦးမှာ ထိခိုက်ဒဏ်ရာ အသီးသီးရရှိကြောင်း သိရသည်။

ယနေ့ နံနက် ၉နာရီခွဲအချိန်က ရန်ကုန်–မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၃/၆) နှင့် (၃၃၃/၇) ကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အမျိုးသမီး၂ဦးသေဆုံးခဲ့ပြီး ၄ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ဘရိတ်မိ/မမိ,တာယာများပန်းရှိ/မရှိ, တာယာ ထုတ်လုပ်မှု သက်တမ်း၃နှစ်ကျော်/မကျော်, ရှေ့မီးကြီး/ နောက်ဘရိတ်မီး/ အချက်ပြ မီးများ ကောင်း/မကောင်း စစ်ဆေးပြု ပြင်ပြီးမှ သာမောင်းနှင်ကြပါ ရန်နှင့် ယာဉ် အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်း ထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန်, မိုးရွာနေပါက သတ်မှတ်နှုန်းအောက်လျှော့၍မောင်းကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က မေတ္တာရပ်ခံထားသည်။