မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးစဉ် ထိုင်းစစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး၊တစ်ဦးဒဏ်ရာရ

(မှုခင်း) မေ ၂၃

မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ချောင်းအတွင်း ဆိုင်ကယ်ခိုးကူးစဉ် ထိုင်းစစ်တပ်ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးသေနတ်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မေလ ၂၂ရက်နေ့ ည၈နာရီ၂၀မိန်အချိန်ခန့်က မောင်အာကာနှင့် မောင်အောင်မင်းခန့် ၂ဦးသည် ဆန်ဆိုင်း(က)ရပ်ကွက်၊ မြို့‌ရှောင်လမ်းအနီး မြန်မာ-ထိုင်းနယ်စပ်၊ မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဘက်မှ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့ဘက်သို့ ဆိုင်ကယ်(၁)စီးအား ဝါးလုံးဖြင့် လျှိုထမ်း၍ ခိုးကူးရန် ဆောင်ရွက်နေစဉ် ထိုင်းစစ်တပ်မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် အာကာ(စုံစမ်းဆဲ)တွင် ယာဘက်ကျော ကျည်ဖောက်ဝင်၍ ရင်ညွန့် မှ ဖောက်ထွက်ဒဏ်ရာ (၁)ချက်ရရှိကာ သေဆုံးသွားခဲ့ပြီး၊ အောင်မင်းခန့်(၂၄)နှစ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူတွင် ယာဘက်တံ တောင်ဆစ် ကျဉ်ဖောက်ဝင် ဒဏ်ရာ(၁)ချက် ရရှိခဲ့ကြောင်း သိရသည်။

သေနတ်ထိမှန်ဒဏ်ရာများ နှစ်ဦးအား အခင်း​​​​ဖြစ်သည့် အနီးဝန်းကျင်ရှိနေထိုင်သူများမှ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN