ဆီဆိုင်မြို့နယ်တွင် မိုးကြိုးထိမှန်၍ နွားအကောင်ရေ ၄၉ကောင်ခန့် သေဆုံး

(ပြည်တွင်း) မေ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ လွယ်ပွတ်အုပ်စု၊ ကောင်ဝါးတောင်ကျေးရွာအနီးရှိ တောင်ယာဘက်တွင် မိုးကြိုးပစ်ခတ်မှုကြောင့် လွှတ်ကျောင်းထားသည့် နွားအများအပြား သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်မှာ မေလ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်း လွှတ်ကျောင်းထားသည့် နွားကောင်ရေ ၂၀၀ ထဲမှ နွား ၄၉ ကောင်ခန့် မှာမိုးကြိုးပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်းသိရသည်။

လက်ရှိကာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အများစု၌ မိုးတိမ်တောင်တွေ ဖြစ်ပေါ်လျက်ရှိပြီး မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းများ အများအပြားဖြစ်ပွားနေခြင်းတို့‌ေကြာင့် သဘာဝဘေးအန္တရာယ်များ ဖြစ်‌ေပါ်လာနိုင်‌ေကြာင်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားကြောင်းသိရသည်။