
(နိုင်ငံတကာ)မေ ၂၀
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ၏ ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသည့် ဆီနိတ်အမတ်တစ်ဦး လွှတ် တော်အဆောက်အအုံအတွင်း ဝင်ရောက်ခိုလှုံကာ နောက် ပိုင်းတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ဖြစ်စဉ်အတွင်း၊ မည်သည့်တိုက်ခိုက်မှု သို့မဟုတ် လှုံ့ဆော်မှုမျှမရှိဘဲ သေနတ်များ အချက်ပေါင်းများစွာ ပစ်ဖောက်ခဲ့ကြသည့် ဖိလစ်ပိုင်ဆီနိတ်လွှတ်တော် လုံခြုံရေးအရာရှိများကို အာဏာပိုင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ပြည်ထဲရေးနှင့် ဒေသန္တရအစိုးရဝန်ကြီး ဂျွာနီတို ဗစ်တာ ရီမူလာ (Juanito Victor Remulla) က မေလ ၁၃ ရက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ ဆီနိတ်လွှတ်တော်အတွင်း သေနတ်ပစ်ခတ်မှုသည် “လွှတ်တော်ကို ပြင်ပက ဝင်ရောက်တိုက်ခိုက်ခြင်း မဟုတ်ကြောင်း” မေလ ၁၉ ရက် (အင်္ဂါနေ့) တွင် အတည်ပြုပြောကြားခဲ့သည်။ သေနတ်စတင် ပစ်ဖောက်ချိန်တွင် အဆိုပါနေရာ၌ မည်သည့်ရန်သူ သို့မဟုတ် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ဆီနိတ်လွှတ်တော်၏ လုံခြုံရေးအရာရှိချုပ် (Sergeant-at-Arms) မော် အာပလက်စကာ (Mao Aplasca) သည် ရိုင်ဖယ်သေနတ်တစ်လက်ဖြင့် ပထမဆုံး စတင်ပစ်ခတ်ခဲ့သူ ဖြစ် ကြောင်း စီစီတီဗီ (CCTV) မှတ်တမ်းများအရ သိရှိရသည်။ အမျိုးသားရဲတပ်ဖွဲ့ချုပ် ဂျိုဆေး မီလန်စီယို နာတာတက်ဇ် (Jose Melencio Nartatez)က အခင်းဖြစ်ပွားရာနေရာတွင် သေနတ် ၄ လက်မှ ပစ်ခတ်ခဲ့သည့် ကျည်ခွံပေါင်း ၄၄ ခုကို ကောက်ယူရရှိခဲ့ပြီး၊ အာပလက်စကာကို ၎င်း၏သေနတ်အား ဘာလစ်စတစ် (Ballistics) စစ်ဆေးနိုင်ရန် ဆင့်ခေါ်ထားသော်လည်း လက်ရှိအချိန်အထိ လာရောက်ပူးပေါင်းခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)လက်ထက်က လူပေါင်းထောင်ချီ သေဆုံးခဲ့သည့် မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ဆင်ရေး ၏ အနီးကပ်ပြီးကြပ်ခဲ့သူ ရဲချုပ်ဟောင်းနှင့် လက်ရှိဆီနိတ်အမတ်ဖြစ်သူ အသက် ၆၄ နှစ်အရွယ် ရော်နယ် ဒီလာရိုဆာ (Ronald Dela Rosa) ကြောင့် စတင်ခဲ့ခြင်းဖြစ်သည်။
ဒီလာရိုဆာသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ICC က ၎င်းအပေါ် ထုတ်ပြန်ထားသည့် ဖမ်းဝရမ်းကို အများပြည်သူသိရှိအောင် ဖွင့်ချလိုက်ပြီဖြစ် ကြောင်း အတည်ပြုပြီးနောက်၊ မေလ ၁၁ ရက်တွင် ဆီနိတ်လွှတ်တော်အတွင်း ဝင်ရောက်ခိုလှုံခဲ့သည်။ ထိုနေ့နှောင်းပိုင်းတွင် ၎င်းကို ဖမ်းဆီးရန်အတွက် လက်နက်ကိုင်စစ်သားများ အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းခဲ့ကြပြီးနောက် လွှတ်တော်အတွင်း သေနတ်သံများ ထွက်ပေါ်ခဲ့ခြင်း ဖြစ် သည်။
လတ်တလောတွင် ဒီလာရိုဆာသည် ၎င်း၏မဟာ မိတ် ဆီနိတ်အမတ် ရိုဘင် ပါဒီလာ (Robin Padilla) ပိုင်ဆိုင်သည့် ကားတစ်စီးဖြင့် လွှတ်တော်အဆောက် အအုံမှ ထွက်ခွာကာ မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သွားသည်ကို မသိရသေးပေ။
ဝန်ကြီး ရီမူလာက အစိုးရအေးဂျင့်များနှင့် စစ်သားများ သည် ဆီနိတ်လွှတ်တော်အဆောက်အအုံအတွင်းသို့ “ခြေတစ်လှမ်းမျှ ဝင်ရောက်ခဲ့ခြင်းမရှိ” ကြဘဲ၊ ပြင်ပ၌သာ တာဝန်ယူခဲ့သဖြင့် လွှတ်တော်အတွင်းပိုင်း လုံခြုံရေးအရာရှိများ၏ ပစ်ခတ်မှုမှာ လွန်စွာသံသယဖြစ်ဖွယ် ကောင်းနေကြောင်း ဆိုသည်။
ယခုတွေ့ရှိချက်များကို သမ္မတ ဘုန်းဘုန်း မားကို့စ် (Bongbong Marcos)ထံ တင်ပြထားပြီးဖြစ်သော် လည်း သမ္မတထံမှ ညွှန်ကြားချက် တစ်စုံတစ်ရာ မကျလာသေးဘဲ၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ယခုအမှုကို တရားရေးဝန်ကြီးဌာန(DOJ)ထံသို့ လွှဲပြောင်းကာ ပိုမိုနက်ရှိုင်းစွာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
#PhilippineSenate #RonaldDela Rosa #MaoAplasca #ICCWarrant #DuterteDrugWar #InternalInvestigation #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN