
(ပြည်တွင်း) မေ ၂၁
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကာလအတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံချိန်တွင် အခကြေးငွေ တစုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အခမဲ့ထောက်ပံ့သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအချက်လက်များကို ယနေ့ မေလ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားေကြာင်းသိရသည်။
သူငယ်တန်း(KG)မှစတင်၍ G(12)ထိ ကျောင်းလခ၊မိဘဆရာအသင်းကြေး၊အားကစားကြေး၊စာရေးကိရိယာကြေးနှင့် စာကြေးတိုက်ကြေးအပါအဝင် မည်သည့် အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံများ ၊ဘောပင်များ အခမဲ့ထောက်ပံ့မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးအစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များမှာ ကျောင်း၊ မိဘဆရာအသင်းကြေး၊ အားကားကြေး စာရေးကိရိယာကြေးနှင့်စာကြည့်တိုက်ကြေး အပါအဝင် မည်သည့်အခကြေးငွေကိုမျှ လုံးဝမကောက်ခံကြောင်းနှင့် အခမဲ့ထောက်ပံ့မှုများအဖြစ်
(က)သူငယ်တန်း (KG)တွင် အက္ခရာ၊ ကိန်းဂဏန်းတွေအရေးကျင့်ကြမယ်စာအုပ် ၊ခဲတံ(၄)ချောင်း ၊ ကျောင်းဝတ်စုံ တစ်စုံ
(ခ)ပထမတန်း တွင် ဗလာစာအုပ်၁ဒါဇင် ၊ ခဲတံ(၄)ချောင်း၊ကျောင်းဝတ်စုံတစ်စုံ
(ဂ) ဒုတိယတန်းတွင် စာအုပ်(၁)ဒါဇင်၊ခဲတံ(၄)ချောင်း၊ကျောင်းဝတ်စုံ(၁) စုံ
(ဃ)တတိတယတန်းတွင်ဗလာစာအုပ် (၁)ဒါဇင်၊ ခဲတံ ၄ချောင်း၊ကျောင်းဝတ်စုံ(၁)စုံ
(c) စတုတ္တတန်းတွင် ဗလာစာအုပ် (၁)ဒါဇင်၊ခဲတံ (၄)ချောင်း၊ကျောင်းဝတ်စုံ (၁)စုံ
(ခ) ပဉ္စမတန်းတွင် ဗလာစာအုပ် (၁)ဒါဇင်၊ခဲတံ (၄)ချောင်း၊ကျောင်းဝတ်စုံ (၁)စုံ
(ဆ) ဆဋ္ဌမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ဇ) သတ္တမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ဈ) အဋ္ဌမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ည) နဝမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ဋ) ဒသမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ဌ) ဧကာဒသမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း
(ဍ) ဒွါဒသမတန်းတွင် ဗလာစာအုပ်(၁)ဒါဇင်၊ဘောပင်(၂)ချောင်း၊ခဲတံ(၂)ချောင်း တို့အား ပေးအပ်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသညိ။
မိဘအုပ်ထိန်းသူပြည်သူများ အနေဖြင့်လည်း ငွေကြေးသို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ဆရာ၊ဆရာမများ ဝန်ထမ်းများကို ပေးအပ်ခြင်းမပြုရန်လည်း ပညာရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံထားကြောင်းသိရသည်။