မြစ်ကြီးနားမြို့တွင်လေပန်ကာအပူလွန်ကဲရာမှနေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်၊ နယ်မြေ(၁၂)တွင် ယနေ့နံနက် ၈ နာရီ အချိန်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ နေအိမ်အပေါ်ထပ်တွင် တပ်ဆင်ထားသောလေပန်ကာ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ ထရံသို့မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးမှူးရုံး(ကွပ်ကဲ)မှ သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၆)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၂၅ မိနစ် အချိန်တွင် မီးငြှိမ်း သွားကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်အပေါ်တစ်ထပ်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ပိုင်ရှင်ဖြစ်သူအား သက်ဆိုင်ရာမှ အမှုဖွင့်ရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။