စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်နှင့် အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရန် အီရန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်တွင် ပါဝင်ကြောင်း ပြောကြား

(နိုင်ငံတကာ)မေ ၁၉

    ​​အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား ဖြစ် ပွားနေသည့် စစ်ရေးပဋိပက္ခကို အဆုံးသတ်ရန် တေဟီရန် (အီရန်အစိုးရ)က တင်သွင်းလိုက်သည့် နောက်ဆုံး ငြိမ်းချမ်းရေးအဆိုပြုချက်တွင် စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် လျော်ကြေးပေးရန်နှင့် အီရန်နှင့် နီးကပ်သော ဒေသများမှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းပေးရန် ထည့်သွင်းတောင်းဆိုထားကြောင်း အင်္ဂါနေ့တွင် အီရန်နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်။

     အဆိုပါ အဆိုပြုချက်နှင့်ပတ်သက်၍ အီရန်အစိုးရ ၏ ပထမဆုံးအကြိမ် တရားဝင်ထုတ်ဖော်ပြောကြားမှုအဖြစ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရီဘာဘာဒီ(Kazem Gharibabadi)က ၎င်းတို့အနေဖြင့် လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံး၌ တိုက် ခိုက်မှုများ အဆုံးသတ်ရေး၊ အီရန်အပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ရုပ် သိမ်းရေး၊ ပြည်ပ၌ ဆိုင်းငံ့(အေးခဲ)ထားသည့် အီရန်ပိုင်ရန်ပုံငွေများ ပြန် လည်ထုတ်ပေးရေးနှင့် အီရန်ဆိပ်ကမ်းများအပေါ် အမေရိကန်ရေတပ်၏ ပိတ်ဆို့ထားမှုကို ရုပ်သိမ်းပေးရေးတို့ကို အခိုင်အမာ တောင်းဆိုထားကြောင်း အိုင်အာရ်အန်အေ (IRNA) သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

     အီရန်သတင်းများတွင် ဖော်ပြထားသည့် ယခုစည်း ကမ်းချက်များသည် ပြီးခဲ့သည့်အပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က “အမှိုက်” ဟုဆိုကာ ပယ်ချခဲ့သည့် ယခင်ကမ်းလှမ်းချက်များနှင့် များစွာထူးခြားမှုမရှိဘဲ အပြောင်း အလဲနည်းပါးကြောင်း တွေ့ရသည်။

     ကြားခံစေ့စပ်ပေးနေသည့် ပါကစ္စတန်နိုင်ငံမှတစ် ဆင့် အီရန်၏ အဆိုပြုချက်အသစ်ကို ဝါရှင်တန်သို့ ပေးပို့လာပြီးနောက်၊ သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် ပြုလုပ်ရန် စီစဉ်ထားသည့် လေကြောင်းတိုက် ခိုက်မှုအစီအစဉ်ကို ယာ ယီဆိုင်းငံ့ထားကြောင်း ကြေ ညာခဲ့သည်။ ယခုအခါ အီရန် ၏ နျူကလီးယားအစီ အစဉ်ကို ကန့်သတ်မည့် သဘောတူ ညီချက်တစ်ခု ရရှိရန် “အလွန်ကောင်းမွန်တဲ့ အခွင့်အလမ်း” ရှိနေကြောင်း ထရန့်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

     သမ္မတ ထရန့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)တို့မှ ဒေသတွင်းခေါင်းဆောင်များ၏ တောင်းဆိုချက်ကြောင့် တိုက်ခိုက်မှုကို ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး “အမေရိကန်ပြည်ထောင်စုအတွက်ရော၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေအားလုံးအတွက်ပါ အလွန်လက်ခံနိုင်လောက်တဲ့ သဘောတူညီချက်တစ်ခု ရရှိတော့မှာပါ” ဟု ရေးသားခဲ့သည်။

     ထို့ပြင် ထရန့်က သတင်းထောက်များကို ဆက် လက်ပြောကြားရာ၌ “သူတို့ (အီရန်) တစ်ခုခုကို ညှိ နှိုင်းဖြေရှင်းနိုင်မယ့် အလွန်ကောင်းတဲ့ အခွင့်အရေး ရှိနေပုံရပါတယ်။ သူတို့ကို ဗုံးတွေနဲ့ အပြင်းအထန် မတိုက်ခိုက်ရဘဲ အီရန် နျူကလီးယားလက်နက်မရ အောင် တားဆီးမယ့် သဘောတူညီချက်တစ်ခု လုပ် ဆောင်နိုင်မယ်ဆိုရင် ကျွန်တော် အလွန်ဝမ်းသာမှာပါ” ဟု ဆိုခဲ့သည်။

     ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ထရန့် စတင်ခဲ့သည့် ယခုစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် အခြားကုန်စည်များ ထောက်ပံ့ရေးအတွက် အဓိကကျသော လမ်း ကြောင်းဖြစ်သည့် ‘ဟော်မုဇ်ရေလက် ကြား’(Strait of Hormuz)ပိတ်ဆို့ခံထားရသဖြင့် ကမ္ဘာ့စီးပွားရေးနှင့် ရေနံစျေးကွက် တည်ငြိမ်ရေးအတွက် ထရန့်အစိုးရအနေဖြင့် စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရန် ဖိအားပေးခံနေရသည်။

     ယခုအခါ ပြီးခဲ့သည့်လက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ပါကစ္စတန်နိုင်ငံက နှစ်ဖက်အကြား သတင်းစကားများနှင့် အဆို ပြုချက်များကို အပြန်အလှန် ပေးပို့ကူးလူးပေးလျက်ရှိပြီး၊ စစ်ပွဲကို သံတမန်နည်းလမ်းဖြင့် အဖြေရှာနိုင်ရန် ကြိုးပမ်းမှုများမှာ ပိုမိုအရှိန်ရလာနေကြောင်း သိရှိရပါသည်။

​#IranConflict #DonaldTrump #PeaceProposal #WarReparations #PakistanMediation #MiddleEastNews #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN