
(နိုင်ငံတကာ)မေ ၁၉
တရုတ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသနေရာ အနှံ့အပြားတွင် ပုံမှန်မဟုတ်သော မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လျှပ်တပြက်ရေကြီးခြင်းနှင့် မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ မိုးလေဝသဦးစီးဌာန(CMA)သည် မိုး သည်းထန်စွာရွာသွန်းခြင်းနှင့် ပြင်းထန်သော မုန်တိုင်းထန်သည့် ရာသီဥတုအခြေအနေများအတွက် ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်သော လိမ္မော်ရောင်သတိပေး ချက်များကို အင်္ဂါနေ့တွင် ဆက်လက်ထုတ်ပြန်ထားပြီး၊ အဆိုပါ အားကောင်းသော မိုးရွာသွန်းမှုဖြစ်စဉ်သည် အပြင်းထန်ဆုံးနှင့် အဖျက်စွမ်းအားအကြီးဆုံး အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးထားသည်။
နိုင်ငံတော် ရေကြီးမှုထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှု သက်သာစေရေးဌာနချုပ်က ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်မြှင့်ရန်အတွက် ဟူနန်(Hunan)နှင့် ကွမ်ရှီး (Guangxi) ပြည်နယ်များတွင် အဆင့်-၄ (Level-IV) အရေးပေါ်တုံ့ပြန်မှုကို တရားဝင်စတင်လိုက်ပြီး၊ ဟူပေ (Hubei) ၊ ချုံကင်း (Chongqing) နှင့် ကွေ့ကျိုး (Guizhou) ပြည် နယ်များတွင်လည်း ယင်းအရေးပေါ်အဆင့်ကို ဆက်လက်သတ်မှတ်ထားသည်။ အထူးသဖြင့် အလယ်ပိုင်း ဟူပေပြည်နယ်ရှိ မြို့နယ်ပေါင်း ၃၃၇ မြို့နယ်တွင် ၄၈ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာထက်ကျော်လွန်ခဲ့ပြီး သမိုင်းဝင်စံချိန်ဟောင်းများ ကျိုးပျက်ခဲ့သည်။

နိုင်ငံပိုင် CCTV ရုပ်သံလိုင်း၏ ဖော်ပြချက်အရ ကွမ်ရှီးပြည်နယ်တွင် မိုးသည်းထန်နေစဉ်အတွင်း ခရီး သည် ၁၅ ဦး လိုက်ပါလာသည့် ပစ်ကပ်ဗင်ကားတစ်စီးသည် ရေလျှံနေသည့် မြစ်အတွင်းသို့ ထိုးကျမျောပါသွားခဲ့သဖြင့် လူ ၆ ဦး သေဆုံးခဲ့သည်။ ထို့ပြင် ဟူပေပြည်နယ်ရှိ နိမ့်ပါးသော ကျေးရွာတစ်ခုတွင် လျှပ်တပြက်တောင်ကျရေကြောင့် လူ ၃ ဦး သေဆုံးခဲ့ရပြီး၊ တောင်ပိုင်း ဟူနန်ပြည်နယ်တွင်လည်း နောက်ထပ် လူတစ်ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
တရုတ်လူမှုကွန်ရက် Douyin (တီတော့ခ်) ပေါ်ရှိ ရုပ်သံဗီဒီယိုများတွင် ဟူပေပြည်နယ်၊ ကျင်းကျိုး (Jingzhou) မြို့ရှိ လမ်းမများပေါ်တွင် ရေများ ဒူးဆစ်ခန့်အထိ နစ်မြုပ်နေပြီး ဒေသခံအချို့မှာ လမ်းမထက် ၌ ကူးခတ်နေသော ငါးများကို လိုက်လံဖမ်းဆီးနေကြသည်ကို တွေ့ရသည်။ မြို့ တွင်းရှိ မော်တော်ကားအများအပြားမှာလည်း ရေအောက်သို့ လုံးဝနီးပါး နစ်မြုပ်နေခဲ့သည်။

မိုးလေဝသပညာရှင်များ၏ သုံးသပ်ချက်အရ ယခု ကဲ့သို့ ကျယ်ပြန့်ပြင်းထန်လှသည့် မိုးသက်မုန်တိုင်းကြီး ဖြစ်ပေါ်လာရခြင်းမှာ ‘ဘင်္ဂလားပင်လယ်အော်’ ၊ ‘တောင်တရုတ်ပင်လယ်’ နှင့် ‘ပစိဖိတ်သမုဒ္ဒရာ’ တို့မှ ရေငွေ့များ တစ်ပြိုင် နက်တည်း စုဆုံမိခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် ယခုရာသီဥတုစနစ်သည် ရွေ့လျားမှုအလွန်နှေးကွေးသဖြင့် ဘေးဒဏ်သင့်ဒေသများတွင် မိုးရေချိန်ပမာဏကို ပိုမိုစုပုံမြင့်တက်စေခဲ့ခြင်း ဖြစ် သည်။
လတ်တလောတွင် အာဏာပိုင်များက ဘေးဒဏ်သင့်ဒေသများရှိ ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် လမ်း ပန်းဆက်သွယ်ရေးအားလုံးကို ဆိုင်းငံ့ထားပြီး ဒေသခံများကို ဘေးလွတ်ရာသို့ အပူတပြင်း ရွှေ့ ပြောင်းပေးလျက်ရှိသည်။ အမျိုးသားမိုးလေဝသဗဟိုဌာနက ဤပြင်းထန်သော ရာသီဥတုသည် အရှေ့ဘက်နှင့် တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဖြစ်ရာ၊ မေလ ၂၀ ရက်(ဗုဒ္ဓဟူး နေ့) မှစတင်၍ ‘ရန်စီမြစ်’ (Yangtze River)၏ အလယ်ပိုင်းနှင့် အောက်ပိုင်းတစ် လျှောက်တွင် မိုးအသည်းထန်ဆုံး ထပ်မံရွာသွန်းနိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။
#ChinaFloods #Hubei #Hunan #Guangxi #YangtzeRiver #NaturalDisaster #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN