ရပ်စောက်မြို့နယ်တွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ ကျင်းပ

(ပြည်တွင်း) မေ ၁၈

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု လွယ်ကိုးကျေးရွာတွင် ၂၀၂၆ ခုနှစ် မေလ (၁၈) ရက်နေ့၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်၊ တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညွန့်ဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသူများ စုစုပေါင်း အင်အား (၅၀) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားပြီးဆုံးချိန်တွင် တက်ရောက်လာသူများ စုပေါင်း၍ အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။