
(နိုင်ငံတကာ)မေ ၁၆
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပခဲ့သည့် ဘရစ်စ် (BRICS)နိုင်ငံခြားရေးဝန်ကြီးများ၏ နှစ်ရက် ကြာ အစည်းအဝေးသည် လက်ရှိဖြစ်ပွားနေသော အီရန်စစ်ပွဲနှင့် ပတ် သက်၍ ဘုံရပ်တည်ချက် တစ်စုံ တစ်ရာ မချမှတ်နိုင်ဘဲ ပြီး ဆုံးသွားခဲ့သည်။ အဖွဲ့ဝင်နိုင်ငံများအကြား “ကွဲပြားခြားနား သော အမြင်များ” ရှိနေဆဲဖြစ်ကြောင်းကိုသာ အစည်း အဝေးရလဒ်စာတမ်းတွင် ဝန်ခံဖော်ပြခဲ့ပြီး၊ ယင်းသည် အီရန်စစ်ပွဲအပေါ် သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့ရသည့် အိန္ဒိယနိုင်ငံရှိ ဒုတိယအကြိမ်မြောက် ဆက်တိုက်ဖြစ်သော BRICS အစည်းအဝေး ဖြစ်သည်။
ယခုအစည်းအဝေးသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဗြဟ္မနီယမ် ဂျိုင်ရှန်ကာ၏ သဘာပတိအဖြစ် ဦးဆောင်မှုဖြင့် ကျင်းပခဲ့ပြီး၊ လက်ရှိ ၇၇ ရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သော အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ဆင်နွှဲသည့်စစ်ပွဲ နောက်ခံအခင်းအကျင်းနှင့်အတူ ပေါ် ပေါက်လာခြင်း ဖြစ် သည်။ အီရန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်သဖြင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ မြင့်တက် နေချိန်တွင် BRICS အဖွဲ့အတွင်း အဓိက အက်ကြောင်းကြီးများ ထင်ဟပ်လာခဲ့သည်။
ဤအစည်းအဝေးတွင် အဖွဲ့ဝင်သစ်များဖြစ်ကြသည့် အီရန်နှင့် ယူအေအီး (UAE) တို့အကြား ဆန့် ကျင်ဘက် ရပ် တည်ချက်များကြောင့် အပြင်းအထန် အခြေအတင် ဖြစ်ပွားခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အက်ဘတ်စ် အာရတ်ချီက ယူအေအီးအနေ ဖြင့် အမေရိကန်အား အီရန်ကို တိုက် ခိုက်ရန် ၎င်းတို့ ၏ နယ်မြေကို အသုံးပြုခွင့်ပေးခဲ့ရုံသာမက ယူအေအီးတိုက်လေယာဉ်များကပါ တိုက်ခိုက်မှုတွင် တိုက် ရိုက်ပါဝင်ခဲ့သဖြင့် ကျူးကျော်မှုတွင် တက်ကြွစွာ ပါဝင်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း တိုက်ရိုက်စွပ်စွဲခဲ့သည်။ အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်မှုကို BRICS အဖွဲ့အနေဖြင့် ရှုတ်ချပေးရန်လည်း တောင်းဆိုခဲ့သည်။

ယူအေအီးကိုယ်စားလှယ် အယ်လ်မာရာက ၎င်းတို့နိုင်ငံအတွင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာ နေရာများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ငြင်းပယ်ခဲ့ပြီး၊ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက အီရန်၏ ဒရုန်းနှင့် ဒုံးကျည်ပေါင်း ၂,၈၀၀ ကျော်ကို ကြားဖြတ်ဟန့်တားခဲ့ရသဖြင့် အီရန်၏ လုပ်ရပ်များကို ရှုတ်ချပေးရန် တောင်းဆိုခဲ့သည်။
နှစ်ဖက်စလုံး၏ တွန်းအားပေးမှုများကြောင့် အီရန် စစ်ပွဲနှင့် ပတ်သက်၍ ပူးတွဲကြေညာချက် ထွက်မလာနိုင်ခဲ့ဘဲ၊ ရလဒ်စာတမ်းတွင် မည်သည့်အဖွဲ့အစည်းကိုမျှ အမည်တပ်ခြင်း သို့မဟုတ် တာဝန်ပုံချခြင်းမျိုး မပြုလုပ်ဘဲ ဆွေးနွေးညှိနှိုင်းမှု၊ အချုပ်အခြာအာဏာကို လေးစားမှုနှင့် အရပ် သားပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့် ရှောက်ရေး စသည့် ယေဘု ယျကျသော အခြေခံမူများကိုသာ စာရင်းပြုစု ဖော်ပြနိုင်ခဲ့သည်။
သို့သော်လည်း စာတမ်းတွင် “နိုင်ငံတကာဥပဒေနှင့် ဆန့် ကျင်ဘက်ဖြစ်သော တစ်ဖက်သတ် အကျပ်ကိုင်ပိတ်ဆို့မှုများ ချမှတ်ခြင်း” ကို ရှုတ်ချကြောင်း ဖော်ပြထားရာ၊ ယင်းမှာ အီရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားကြသည်။
ပါကစ္စတန် သံတမန်ဟောင်းတစ်ဦးဖြစ်သူ ဂျောင်ဟာဆာလင်းက BRICS အဖွဲ့သည် အလွန်အရေးပါသည့် နိုင်ငံများ ပါဝင်သော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ နိုင်ငံခြားရေးအကျိုးစီးပွား၊ အမြင်နှင့် လုပ်ငန်းစဉ်များ အလွန်ကွဲပြားခြားနားနေသဖြင့် အီရန်စစ်ပွဲအပေါ် ဘုံချဉ်းကပ်မှုတစ်ခုရရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ ၎င်းက အင်မတန် စည်းလုံးညီညွတ်ပါတယ်ဆိုသည့် မဟာမိတ်အဖွဲ့များတောင် ပြိုကွဲလုနီးပါး ဖြစ်နေရသည့် ဤဘက်ခေတ်တွင် အုပ်စုဖွဲ့နိုင်ငံရေး (Bloc politics) ဟာ တဖြည်းဖြည်း အရေးမပါတော့ကြောင်း ထောက်ပြခဲ့သည်။
အခြားတစ်ဖက်တွင်မူ အီရန်စစ်ပွဲအရေး ဆွေးနွေးမှု မအောင်မြင်ခဲ့သော်လည်း စွမ်းအင်ပူးပေါင်းဆောင် ရွက်မှု၊ ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ်အခြေခံအဆောက် အအုံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုနှင့် ဘက်စုံစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် အခြားသော ကိစ္စရပ်ပေါင်း ၆၀ ထက်မနည်းတွင် အဖွဲ့ဝင်နိုင်ငံများ သဘောတူညီချက် ရရှိခဲ့ကြသည်။
#BRICS2026 #NewDelhiSummit #IranConflict #IranUAETension #GlobalPolitics #PositiveAngleNews #BreakingNews #Diplomacy
Telegram»…
https://t.me/positiveanglenews
#PAN