
(နိုင်ငံတကာ)မေ ၁၆
ဖိလစ်ပိုင်နိုင်ငံတွင် စစ်တပ်က ဖမ်းဆီးရန် ကြိုးပမ်းနေသည့်ကြားမှ ယခုသီတင်းပတ်အစောပိုင်းက သေ နတ်သံများနှင့်အတူ အထက်လွှတ်တော်အဆောက် အအုံအတွင်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် ထင်ရှားသော နိုင်ငံရေး သမား၊ အထက်လွှတ်တော်အမတ် ရော်နယ်ဒ် “ဘာတို” ဒီလာရိုဆာ (Ronald “Bato” dela Rosa)ကို ဖမ်းဆီးထိန်း သိမ်းပေးရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC)၏ တောင်းဆို ချက်အပေါ် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဖိလစ်ပိုင်အစိုးရက ကတိပြုလိုက်သည်။
ဖိလစ်ပိုင် တရားရေးဝန်ကြီး ဖရက်ဒရစ်ဗီဒါ (Fredderick Vida)က အသက် ၆၄ နှစ်အရွယ် အမျိုး သားရဲတပ်ဖွဲ့အကြီးအကဲဟောင်း ဒီလာရိုဆာအပေါ် ထုတ်ပြန်ထားသည့် ICC ၏ ဖမ်းဝရမ်းကို မနီလာမြို့က လက်ခံရရှိထားပြီးဖြစ်ကာ ယင်းကို တရားဝင်အဖြစ် သတ်မှတ်ကြောင်း သောကြာနေ့တွင် အတည် ပြုပြောကြားခဲ့သည်။
ဒီလာရိုဆာသည် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး (Rodrigo Duterte)လက်ထက် ၂၀၁၆ မှ ၂၀၁၉ ခုနှစ်အတွင်း “မူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲ”တွင် ဒူတာတေး ၏ အဓိကအမိန့်အာဏာ အကောင်အထည်ဖော်ဆောင်သူအဖြစ် ပါဝင်ပတ်သက်ခဲ့မှုကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် ICC ၏ စွဲချက် တင်ခြင်းကို ခံထားရသူဖြစ်သည်။ သမ္မတဟောင်း၏ အဆိုပါစစ်ပွဲကြောင့် လူဦးရေ ၁၂,၀၀၀ မှ ၃၀,၀၀ရ သေဆုံးခဲ့ရကြောင်း ICC က ခန့်မှန်းထား သည်။ သမ္မတဟောင်း ဒူတာတေးမှာမူ ၂၀၂၅ ခုနှစ် မတ်လကတည်းက သည်ဟိဂ်ရှိ ICC ထိန်းသိမ်းမှုအောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည့် ဒီလာရိုဆာသည် ဒူတာတေးမဟာမိတ်အဖွဲ့ကို အာဏာလွှဲအပ်ပေးမည့် လွှတ်တော်အကြီးအကဲရွေး ချယ်ပွဲတွင် အဆုံးအဖြတ်မဲပေးရန် တနင်္လာနေ့တွင် အထက်လွှတ်တော်သို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
၎င်းအား ဖမ်းဆီးရန် လုံခြုံရေးအဖွဲ့များ စောင့်ဆိုင်းနေသည်ကို တွေ့ရှိရပြီးနောက် ဒီလာရိုဆာသည် လွှတ် တော်အဆောက်အအုံအတွင်း၌ ခုခံပုန်းအောင်းခဲ့သည်။ နှစ်ရက်အကြာတွင် လက်နက်ကိုင်စစ်သားများက ၎င်းကို ဖမ်းဆီးရန် လွှတ်တော်အတွင်း စီးနင်းဝင်ရောက်ခဲ့စဉ် သေနတ်သံ ဆယ်ချက်ထက်မနည်း ထွက်ပေါ်ခဲ့ပြီး၊ ကြာသပတေးနေ့တွင် ၎င်းသည် လွှတ်တော်အတွင်း၌ မရှိတော့ဘဲ ထွက်ပြေးလွတ်မြောက်သွားကြောင်း လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုခဲ့သည်။
လက်ရှိတွင် ဒီလာရိုဆာ မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိရသေးသော်လည်း၊ တရားရေးဝန်ကြီး ဗီဒါက ၎င်းအား နိုင်ငံတွင်းမှ ထွက်ခွာနိုင်ရန် ကူညီပေးသည့် မည်သည့်ကြိုးပမ်းမှုကိုမဆို “တရားမျှတမှုကို လှောင်ပြောင်ခြင်း” အဖြစ် သတ်မှတ်ကိုင် တွယ်သွားမည်ဟု သတိပေးထားသည်။ ထို့ပြင် အကယ်၍ ဒီလာရိုဆာသည် နိုင်ငံပြင်ပသို့ ထွက်ပြေးရန် ကြိုးပမ်းပါက ချက်ချင်းဖမ်းဆီးရန် နယ်စပ်တာဝန်ရှိသူများနှင့် လေဆိပ်ရဲတပ်ဖွဲ့ကို အမိန့်ပေးထားကြောင်း သိရသည်။
တစ်ဖက်တွင်လည်း ထွက်ပြေးတိမ်းရှောင်နေသည့် အထက်လွှတ်တော်အမတ် ဒီလာရိုဆာက ၎င်းအား ICC ထံ လွှဲပြောင်းပေးမည့်အရေးကို တားဆီးရန်အတွက် ဖိလစ်ပိုင်တရားလွှတ်တော်ချုပ်အပါအဝင် ဥပဒေကြောင်းအရ “ရရှိနိုင်မည့် နည်းလမ်းအားလုံးကို အစွမ်းကုန်အသုံးပြုသွားမည်” ဟု ကြာသပတေးနေ့က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
#Philippines #BatoDelaRosa #DuterteDrugWar #ICC #ManilaNews #BreakingNews #PositiveAngleNews #HumanRights
Telegram»…
https://t.me/positiveanglenews
#PAN