(မှုခင်း) မေ ၁၄
မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၂ ခုဖြစ်ပွားခဲ့ပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။

၂၀၂၆ ခုနှစ် မေ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိလာကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ အရှေ့ကန်ဘောင်ကျေးရွာနေ ဦးစန်းဌေး (၆၁) နှစ်သည် နံနက် ၈ နာရီခန့်တွင် လယ်ကွင်းသို့ သွားစဉ် အနီးတစ်ဝိုက်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြည်သူ့ဆေးရုံကြီးသို့လည်း မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦး ရောက်ရှိလာခဲ့ပြီး စုံစမ်းချက်များအရ နောင်ချိုမြို့နယ် အုမ္မသီးကျေးရွာနေ ဦးစိုင်းလောင်သျှမ်း (၃၄) နှစ်သည် တောင်ယာလုပ်ငန်းဆောင်ရွက်နေစဉ် နင်းမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့်ပူးပေါင်းကာ စုံစမ်းဖော်ထုတ်မှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN