ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်း ညောင်ပင်လဲကျ ဝန်ထမ်းလိုင်းခန်းပိမိ

(မိုး/ဇလ) မေ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရဲတပ်ဖွဲ့မှူးရုံးဝန်းအတွင်းတွင် ညောင်ပင်အမြစ်ပွပြီး လဲကျမှုဖြစ်ပွားကာ ဝန်ထမ်းလိုင်းခန်းနေအိမ်ပေါ်သို့ ပိမိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းရရှိသဖြင့် ပေါင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက လဲကျနေသော သစ်ပင်အား ခုတ်ထွင်ဖယ်ရှားကာ လမ်းကြောင်းနှင့် အဆောက်အဦအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#PAN