ရေနံချေးလိုက်လံသုတ်သည့် အမျိုးသား သုံးဦးအား လက်ပြန်ကြိုးတုတ်၍ သေနတ်ဖြင့် ပစ်သတ်

(မှုခင်း) မေ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပေါ်တွင် အမျိုးသား သုံးဦးအာား လက်ပြန်ကြိုးတုတ်လျက် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

ယနေ့၊ နံနက် ၆ နာရီခွဲအချိန်ခန့်က ရေး-သံဖြူဇရပ်ကားလမ်းပေါ် မိုင်တိုင်အမှတ် ၅၀/၅ အနီးတွင် အမျိုးသား သုံးဦးအာား လက်ပြန်ကြိုးတုတ်လျက် သေနတ်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ သေသုံးသူများမှာ ရေနံချေးဖြန်းသည့်သူများဖြစ်ပြီး သံဖြူဇရပ်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ ဘူတာအနီးရှိ မွန်အေးရိပ်တည်းခိုခန်းတွင် တည်းခိုနေသူများဖြစ်ကြောင်း သိရသည်။

ထို့နောက် မွန်းအေးရိပ် တည်းခိုခန်းပိုင်ရှင်ကို ခေါ်ယူပြီး အလောင်းများကို ပြသစစ်ဆေးခဲ့ရာ သေဆုံးသူ သုံးဦးမှာ ရေနံချေးသုတ်သည့် အလုပ်သမားဖြစ်ကြကြောင်း ၎င်းတို့တည်းခိုခန်းသို့ အပ်နှံထားသော နိုင်ငံသားစိစစ်ရေးကဒ်များအရ ဦးဌေးအောင် (၃၇)နှစ်၊ ရွှေအင်တုံ ရွာဟောင်း၊ ဒိုက်ဦးမြို့နယ်၊ ရဲထက်အောင်(၂၄)နှစ်နှင့် အောင်ပြည့်စုံ (၂၄) နှစ် ပြွန်တန်ဆာမြို၊ ညောင်လေးပင်မြို့နယ်နေသူတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေနံချေးသုတ်သမား သုံးဦးအားလက်ပြန်ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သောသူများအား စုံစမ်းဖော်ထုတ်နိုင်ရန် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN