အီရန်၏ တုံ့ပြန်မှုကို ထရန့် ပြင်းပြင်းထန်ထန် ဝေဖန်၊ အပစ်အခတ်ရပ်စဲရေးမှာ ‘အသက်ရှူစက် တပ်ထားရသည့် အခြေအနေ’ ဖြစ်နေဟုဆို

(နိုင်ငံတကာ)မေ ၁၂

     အမေရိကန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် အီရန်ဘက်က ပေးပို့လာသော တုံ့ပြန်မှုကို “မိုက်မဲလွန်းသည်” ဟု ပယ်ချလိုက်ပြီးနောက် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးမှာ “အသက်ရှူစက် တပ်ထားရသည့် အခြေအနေ” (Life support) သို့ ရောက်ရှိနေပြီဖြစ် ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

     တနင်္ဂနွေနေ့က အီရန်၏ တုံ့ပြန်မှုကို ထရန့်က ချက် ချင်းပယ်ချခဲ့ခြင်းကြောင့် ၁၀ ပတ်ကြာမြင့်နေပြီဖြစ်သော စစ်ပွဲမှာ ဆက်လက်ရှည်ကြာသွားနိုင်ပြီး ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးလည်း ဆက် လက်ရပ်ဆိုင်းနေဦးမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

     သမ္မတထရန့်သည် အီရန်ဘက်မှ ပေးပို့လာသော စာ တမ်းကို ဖတ်ရှုပြီးနောက် ၎င်း၏မကျေနပ်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “သူတို့ ကျွန်တော်တို့ဆီ ပေးပို့လာတဲ့ အမှိုက်ပုံကြီးကို ဖတ်ပြီးတဲ့နောက်မှာတော့ အပစ်အခတ်ရပ်စဲရေးဟာ အားအနည်းဆုံး အခြေအနေကို ရောက်သွားပါပြီ။ ကျွန်တော် အဲဒါကို ကုန်အောင်တောင် မဖတ်ရသေးဘူး” ဟု ထရန့်က ပြောကြားခဲ့သည်။ အီရန်ဘက်မှ စစ်လျော်ကြေးတောင်းဆိုမှုနှင့် ဟော်မုဇ်ရေလက်ကြားအပေါ် အချုပ်အခြာအာဏာ တောင်းဆိုမှုများကို ထရန့်က လုံးဝလက်ခံနိုင်ခြင်း မရှိကြောင်း ပြသခဲ့ခြင်းဖြစ် သည်။

​     ထရန့်က အီရန်သည် ၎င်းတို့၏ သန့်စင်ပြီး ယူရေနီ ယံလက်ကျန်(Nuclear dust)များကို အမေရိကန်ထံ လွှဲ ပြောင်းပေးရန် ဆန္ဒရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး၊ အဆိုပါ နျူကလီးယားပစ္စည်းများကို လုံခြုံစွာ သိမ်း ဆည်းရယူနိုင်သည့် စွမ်းဆောင်ရည်မှာ အမေရိကန်နှင့် တရုတ်တို့တွင်သာ ရှိကြောင်း ဆို သည်။ ၎င်းက အီရန်ဘက်မှ အလျှော့မပေးပါက စစ်ပွဲသို့ ပြန်လည်ဦးတည်မည်ဟုလည်း ခြိမ်းခြောက်ထား သည်။

​     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီကမူ ၎င်းတို့၏ တောင်းဆို ချက်များသည် တရားဝင်သည့် အခွင့်အရေးများသာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ သို့သော် အီရန်တာဝန်ရှိသူများအကြား အမေရိကန်အပေါ် ယုံကြည်မှု အလွန်နည်းပါးနေပြီး၊ ယခင်ကလည်း ဆွေးနွေးပွဲများ ပြု လုပ်နေစဉ်အတွင်း အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရဖူးသဖြင့် ယခုတစ်ကြိမ်တွင် ခိုင်မာသော လုံခြုံရေးအာမခံချက်များကို လိုလားနေကြသည်။

​     နှစ်ဖက်တင်းမာမှု ပြန်လည်မြင့်တက်လာခြင်းကြောင့်  ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့ရာ အဓိကလမ်း ကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက် ကြားမှာ ဆက်လက်ပိတ်ဆို့ခံထားရဆဲ ဖြစ်သည်။ အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းများကို ရေကြောင်းပိတ်ဆို့ထားဆဲဖြစ်ရာ ကမ္ဘာ့စွမ်းအင်ဈေးကွက်နှင့် စီးပွားရေးမှာ ဆက်လက်မတည်မငြိမ် ဖြစ်နေဦးမည် ဖြစ်သည်။

​#Trump #Iran #Ceasefire #HormuzStrait #MiddleEastCrisis #Nuclear #BreakingNews #PositiveAngleNews #GlobalEconomy #Diplomacy

Telegram»…
https://t.me/positiveanglenews

#PAN