
(နိုင်ငံတကာ)မေ ၁၁
အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ဆွေး နွေးရာတွင် အမေရိကန်ဘက်က “တစ်ဖက်သတ်ဆန်ပြီး ကျိုးကြောင်းဆီလျော်မှုမရှိသော” တောင်းဆို ချက်များကိုသာ တင်ပြနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့တွင် ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်လိုက်သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီ(Esmaeil Baghaei)က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် အီရန်၏ တုံ့ ပြန်ချက်သည် ဒေသတွင်းတည်ငြိမ်ရေးအတွက် “ရက်ရောသော ကမ်းလှမ်းမှု” ဖြစ်သည်ဟု ဆိုသည်။ အီရန်ဘက်က အဓိကအားဖြင့် အမေရိကန်နှင့် အစ္စရေးတို့၏ ကျူးကျော်စစ်ကို ချက်ချင်းရပ်တန့်ရန်၊ အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုနှင့် ရေ ကြောင်းနှောင့်ယှက်မှုများကို အဆုံးသတ်ရန်၊ အမေရိကန်၏ ဖိအားကြောင့် ပြည်ပဘဏ်များတွင် မတရားပိတ်ဆို့ခံထားရသည့် အီရန်ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန် တို့ကို တောင်းဆိုထားသည်။
“ကျွန်တော်တို့က အထူးအခွင့်အရေးတွေ တောင်းဆိုနေတာမဟုတ်ပါဘူး။ တရားဝင်တဲ့ အခွင့်အရေးတွေကိုပဲ တောင်းဆိုနေတာပါ” ဟု ဘာဂါယီက အလေးအနက် ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရန့်က အီရန်၏ ကမ်းလှမ်းချက်ကို “လုံးဝလက်ခံနိုင်စရာမရှိ” ဟု ဆိုရှယ်မီဒီယာမှတစ် ဆင့် ပယ်ချခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများ တစ် ရှိန်ထိုး မြင့်တက်လာခဲ့သည်။ Brent ရေနံစိမ်းဈေးမှာ ၄.၆ ရာခိုင်နှုန်းကျော် မြင့်တက်ကာ တစ်စည်လျှင် ၉၉.၉၅ ဒေါ်လာအထိ ရောက်ရှိသွားခဲ့သလို၊ အမေရိကန်ရေနံစိမ်း (WTI) ဈေးမှာလည်း တစ်စည်လျှင် ၁၀၅ ဒေါ်လာအထက်သို့ ကျော်လွန်သွားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသို့ စစ်သင်္ဘောများစေလွှတ်ရန် ပြင်ဆင်နေသည့် ဗြိတိန်နှင့် ပြင်သစ်ဦးဆောင်သော နိုင်ငံပေါင်း ၅၀ ကျော် မဟာမိတ်အဖွဲ့ကိုလည်း အီရန်က သတိ ပေးချက် ထုတ်ပြန်ခဲ့သည်။ “ဥရောပနိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ မောက် မာတဲ့လုပ်ရပ်တွေမှာ ကြားညပ်မခံသင့်ပါဘူး။ ရေ လက်ကြားအတွင်း ဘယ်လိုဝင်ရောက်စွက်ဖက်မှုမျိုးမဆို အခြေအနေကို ပိုရှုပ်ထွေးစေမှာဖြစ်ပြီး ကုန်ဈေး နှုန်းတွေကို ပိုကြီးမြင့်လာစေပါလိမ့်မယ်” ဟု ဘာဂါယီက ဆိုသည်။
ဗြိတိန်နှင့် ပြင်သစ်တို့သည် ရေကြောင်းလမ်း ကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အင်္ဂါ နေ့တွင် နိုင်ငံ တကာ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို လက်ခံကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။
#Iran #USA #Trump #OilPrices #HormuzStrait #MiddleEastWar #Diplomacy #BreakingNews #PositiveAngleNews #GlobalEconomy
Telegram»…
https://t.me/positiveanglenews
#PAN