(မှုခင်း) မေ ၁၂
ရန်ကုန်-မန္တလေးအမြန်လမ်း၂၄၇/၇-၂၄၈/၀(နေပြည်တော်-မန္တလေး ) (အသွားလမ်း)တွင် ယာဥ်တိမ်းမှောက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သိရသည်။
မေလ ၁၁ရက်နေ့ ညနေ၅နာရီခွဲအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၂၄၇/၇-၂၄၈/၀(နေပြည်တော်-မန္တလေး ) (အသွားလမ်း)တွင် ယာဉ်မောင်း(ကျား)(၁)ဦးတည်းမောင်း နှင်လာ သည့် AD Van အမျိုးအစား အဖြူရောင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ အသွားလမ်းဘက်ခြမ်းမှ လမ်းလယ်ကျွန်းပေါ်မှ ကျော်ဖြတ်ကာ အပြန်လမ်း ဘက်ခြမ်းရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်ခဲ့သည်။
အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းမှာ အခင်းဖြစ်ပွား သည့် နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း၊ အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အရှိန်နှုန်းအတိုင်း မောင်းနှင်ကြပါရန် နှင့် အိပ်မငိုက်စေရန်အထူးသတိပေးအပ်ပါကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ လှုံ့ဆော်သတိပေးထားကြောင်း သိရသည်။

#PAN