
(မှုခင်း) မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နှင့် အလုံမြို့နယ်တို့တွင် ဒီကနေ့ မေလ(၁၂)ရက်နေ့ မနက်ပိုင်းက မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် ပဲခူးလမ်းထောင့်တွင် ဒီနေ့ မနက် ၀၀ နာရီ ၂၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်သည့်နေရာသို့ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၄)စီးဖြင့် ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ မနက် ၀၀ နာရီ ၃၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ၀၀ နာရီ ၄၂ မိနစ်တွင် အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့အတူ ဒီကနေ့မနက် ၄ နာရီ ၅၃ မိနစ်အချိန်ခန့်က အလုံမြို့နယ်၊ ကမ်းနားလမ်းသစ်ရှိ အေးရှားဝေါရှေ့တွင် ထွေလာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်သည့်နေရာသို့ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် ၅ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုများအား မီးလောင်ရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။