ဟင်္သာတမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး

(ပြည်တွင်း) မေ ၉

ဟင်္သာတမြို့နယ်တွင် မေ ၈ ရက် ညနေအချိန်၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအချို့တွင် နေအိမ်များ ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သဲဖြူ (ဓမ္ဘီ) ကျေးရွာတွင် နေအိမ် (၅) လုံး ပြိုလဲခဲ့ပြီး နေအိမ် (၃၀) လုံးခန့် အမိုးလန်ပျက်စီးခဲ့သည်။

ထို့အပြင် ငါးဖားကျေးရွာတွင်လည်း နေအိမ် (၃) လုံး ပြိုလဲခဲ့ပြီး အမိုးလန်ပျက်စီးသည့် နေအိမ်များကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျေးရွာရှိ စာသင်ကျောင်း အဆောင်တစ်ဆောင်တွင် အဆင့်နိမ့်ကျမှု ဖြစ်ပွားခဲ့ပြီး ဘုရားတစ်ဆူ၏ ထီးတော်မှာလည်း တိမ်းစောင်းသွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားသည့် ပျက်စီးဆုံးရှုံးမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။