
(နိုင်ငံတကာ)မေ ၈
အီရန်နိုင်ငံ၏ ရေနံရောင်းချမှုလုပ်ငန်းများကို ကူညီပေးနေသည်ဟု စွပ်စွဲကာ အီရတ်ရေနံဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး အလီ မာရစ်ဂျ် အယ်လ်-ဘာဟတ်ဒ်လီ (Ali Maarij al-Bahadly) အား အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (OFAC)က ကြာသပတေး နေ့တွင် ထုတ်ပြန်ရာ၌ ဘာဟတ်ဒ်လီသည် ၎င်း၏ ရာထူးအာဏာကို အသုံးပြုကာ အီရတ်ရေနံထွက်ပစ္စည်းများကို အီရန်နှင့် ဆက်နွှယ်နေသော မှောင်ခိုဂိုဏ်းများနှင့် လက်နက်ကိုင်အဖွဲ့များထံ လမ်းကြောင်းလွှဲ ပေးပို့ခဲ့သည်ဟု ဆိုသည်။
အထူးသဖြင့် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များဖြစ်သည့် Asa’ib Ahl al-Haq (AAH) နှင့် အခြားအဖွဲ့များ အကျိုးအမြတ်ရရှိရန် ဆောင်ရွက်ပေးခဲ့ကြောင်း စွပ်စွဲထားသည်။
ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်က “အီရန်အစိုးရဟာ အီရတ်ပြည်သူတွေရဲ့ သယံဇာတကို လုယက်နေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ ယခုဒဏ်ခတ်ပိတ်ဆို့မှုသည် အီရတ်ဝန်ကြီးချုပ်အသစ်က အစိုးရအဖွဲ့ဖွဲ့စည်းရန် ပြင် ဆင်နေချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဘာဟတ်ဒ်လီသည် ရေနံဝန်ကြီးသစ်ဖြစ် လာရန် ရေပန်းစားနေသူဖြစ်သဖြင့် အမေရိကန်၏ ယခုခြေလှမ်းမှာ အီရတ်အစိုးရအဖွဲ့အတွင်း အီရန်နှင့် နီးစပ်သူ များကို ဖယ်ထုတ်ရန် ပြတ်သားသော သတိပေးချက်တစ်ခု ဖြစ်လာခဲ့သည်။
အီရန်နှင့် အမေရိကန်အကြား အပစ်ရပ်စဲရေး ရရှိထားသော်လည်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို အခြေခံသည့် ရေတပ်အားပြိုင်မှုများမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ အမေရိကန်သည် အီရန်၏ ရေနံတင်ပို့မှုကို လုံးဝရပ်တန့်စေရန် ဆိပ် ကမ်းများကို ပိတ်ဆို့ထားပြီး၊ အီရန်ကလည်း အဆိုပါ ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသဖြင့် ဒေသတွင်း တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိသေးပေ။
#Iraq #Iran #USA #Sanctions #OilMinistry #TrumpAdministration #MiddleEastPolitics #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN