မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်လှစ်

(ပြည်တွင်း) မေ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူ‌ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် အခြေခံမွေးမြူရေးပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးဝင့်ကိုက သင်တန်းဖွင့်ပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျိုက်ထိုမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ တိရစ္ဆာန်ကူးစက်ရောဂါများ လျော့နည်းကျဆင်းစေရေးနှင့် မွေးမြူသူများ၏ ဝင်ငွေတိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

သင်တန်းအတွင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ ပဋိဇီဝဆေးယဉ်ပါးမှု လျော့ချရေး၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များ၊ ဇီဝလုံခြုံမှုဆိုင်ရာ နည်းလမ်းများနှင့် နွား၊ ဝက်၊ ကြက်၊ ဆိတ်မွေးမြူရေးဆိုင်ရာ ဘာသာရပ်များကို ကျိုက်ထိုမြို့နယ်ရှိ မွေးမြူရေးလုပ်ငန်းရှင် (၁၅)ဦးအား နှစ်ရက်တာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။