
(နိုင်ငံတကာ)မေ ၇
တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆော့ယော ၏ စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာခဲ့မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူးအား အယူခံတရားရုံးက မူလချမှတ်ထားသည့် ထောင်ဒဏ် ၂၃ နှစ်မှ ၁၅ နှစ်သို့ လျှော့ပေါ့ ပြင်ဆင်သတ်မှတ်လိုက်သည်။
ဆိုးလ်မြို့တော်ရှိ အယူခံတရားရုံးက ကြာသပတေး နေ့တွင် စီရင်ချက်ချမှတ်ရာ၌ ဝန်ကြီးချုပ်ဟောင်း ဟန်ဒပ်ဆူးသည် ပုန်ကန်မှုတွင် ပါဝင်သူများဘက်မှ ရပ်တည်ခဲ့သော် လည်း၊ ၎င်းသည် စနစ်တကျ ကြို တင်ပူးပေါင်းကြံစည်မှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည့် အထောက်အထား ခိုင်လုံစွာ မတွေ့ရကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ဟန်သည် နိုင်ငံ့ဝန်ထမ်းအဖြစ် နှစ်ပေါင်း ၅၀ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အချက်ကို ထည့်သွင်းစဉ်းစားကာ မူလပြစ် ဒဏ်မှ ၈ နှစ် လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သမ္မတဟောင်း ယွန်းဆော့ယောက စစ်အုပ်ချုပ်ရေးအမိန့်ကို ရုတ်တရက်ထုတ်ပြန်ခဲ့သဖြင့် နိုင်ငံအတွင်း ပရမ်းပတာ အခြေ အနေများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် လွှတ်တော်အမတ်များက အမြန်ဆုံး မဲခွဲပယ်ဖျက်ခဲ့သဖြင့် အဆိုပါအမိန့်မှာ ၆ နာရီခန့်သာ ကြာမြင့်ခဲ့သည်။ ဤဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တရားရုံးက ဝန်ကြီး ချုပ်ဟောင်း ဟန်အား ပြီးခဲ့သည့် ဇန်နဝါရီလတွင် ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဟန်သည် သမ္မတ ၅ ဦးလက်ထက်တွင် အဆင့်မြင့်ရာထူးများ ထမ်းဆောင်ခဲ့သည့် အတွေ့အကြုံရင့် နည်းပညာကျွမ်းကျင်အရာရှိ(Technocrat) တစ်ဦးဖြစ် သည်။ ၎င်းသည် ယွန်း အစွပ်စွဲခံရပြီးနောက် ယာယီသမ္မတ ဖြစ်လာခဲ့သော်လည်း၊ ယွန်းအား စစ်အုပ်ချုပ်ရေးထုတ်ပြန်ရာတွင် ကူညီခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ၎င်းကိုယ်တိုင်ပါ အစွပ်စွဲခံခဲ့ရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဟန်၏ စွပ်စွဲချက်များကို ပယ်ဖျက်ပေးခဲ့သဖြင့် ၎င်း၏ အာဏာကို ပြန်လည်ရရှိခဲ့ပြီး ဇွန်လတွင် ကျင်းပမည့် ရွေးကောက် ပွဲဝင်ရန် ရာထူးမှ မနုတ်ထွက်မီအထိ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။သို့သော် ကွန်ဆာဗေးတစ်ပါတီအတွင်း သဘောထားကွဲလွဲမှုများကြောင့် သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မှုကို အဆုံး သတ်ခဲ့သည်။
စစ်အုပ်ချုပ်ရေးအမိန့်ကို ဦးဆောင်စီစဉ်သူအဖြစ် စွဲ ချက်တင်ခံရပြီး သီးခြားအမှု ၈ ခုဖြင့် ရင်ဆိုင်နေရသောသမ္မတဟောင်း ယွန်းဆော့ယောမှာမူ ပြီးခဲ့သည့် ဖေဖော်ဝါ ရီလတွင် တစ်သက်တစ်ကျွန်း ထောင် ဒဏ် ချမှတ်ခြင်း ခံထားရပြီး ဖြစ်သည်။ ယွန်းက ၎င်း၏ လုပ်ဆောင်ချက်မှာ အတိုက်အခံများ၏ နှောင့်ယှက်မှုကို သတိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ခုခံပြော ဆိုထားဆဲဖြစ်သည်။
လက်ရှိတွင် အသက် ၇၆ နှစ်ရှိပြီဖြစ်သော ဝန်ကြီး ချုပ်ဟောင်း ဟန်ဒပ်ဆူးသည် ဇန်နဝါရီလကတည်းက အကျဉ်း ကျခံနေရခြင်းဖြစ်ပြီး၊ ယခုအယူခံစီရင်ချက်ကြောင့် ၎င်းကျခံရမည့် ပြစ်ဒဏ်မှာ ၁၅ နှစ်အထိ လျော့နည်းသွားခဲ့သည်။
#SouthKorea #HanDuckSoo #YoonSukYeol #MartialLaw #AppealCourt #BreakingNews #PositiveAngleNews #Seoul
Telegram»…
https://t.me/positiveanglenews
#PAN