
(နိုင်ငံတကာ)မေ ၅
ဟော်မုဇ်ရေလက်ကြားတွင် စစ်ရေးတင်းမာမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက သိမ်းဆည်းထားသော အီရန် ကုန်သေတ္တာတင်သင်္ဘော “MV Touska” မှ သင်္ဘောသား ၂၂ ဦးကို ပါကစ္စတန်နိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ပြော ရေးဆိုခွင့်ရှိသူ ကပ္ပတိန် တင်မ် ဟော့ကင်းက သင်္ဘော သားများကို နေရပ်ပြန်ပို့ရန်အတွက် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံ ခြား ရေးဝန်ကြီးဌာနကလည်း အဆိုပါသင်္ဘောသားများကို အီရန်အာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဤလွှဲပြောင်းမှုကို အမေရိကန်ဘက်မှ “ယုံ ကြည်မှုတည်ဆောက်ရေး လုပ်ဆောင်ချက်” (Confidence-building measure) တစ်ရပ်အဖြစ် ဖော်ပြထားသည်။ အဆိုပါ သင်္ဘောသား ၂၂ ဦးကို တနင်္ဂနွေနေ့ညပိုင်းက လေကြောင်းဖြင့် ပါကစ္စတန်သို့ ပို့ဆောင်ခဲ့ပြီးဖြစ်ရာ ယနေ့တွင် အီရန်အာဏာပိုင်များထံ တိုက်ရိုက်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။
အီရန်အလံလွှင့်ထူထားသော Touska သင်္ဘောသည် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ချိုးဖောက်ရန် ကြိုးပမ်းသည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့က အိုမန်ပင်လယ်ကွေ့တွင် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ၏ စီးနင်းသိမ်းဆည်းခြင်းကို ခံခဲ့ရသည်။ ထိုစဉ်က အမေရိကန်စစ်သင်္ဘော USS Spruance က Touska ၏ အင်ဂျင်ခန်းကို အမြောက်ဖြင့် ပစ်ခတ်ခဲ့သဖြင့် သင်္ဘောမှာ မောင်းနှင်၍မရတော့ဘဲ ဖြစ်ခဲ့ရသည်။
ပါကစ္စတန်သည် ဝါရှင်တန်နှင့် တီဟီရန်တို့အကြား အဓိကစေ့စပ်ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်နေပြီး ယခုလုပ်ရပ်သည် တင်းမာမှုများကို လျှော့ချနိုင်မည့် မျှော်လင့်ချက်တစ်ခု ဖြစ်လာသည်။ အီရန်နိုင်ငံခြား ရေးဝန်ကြီးဌာနသည် စစ်ပွဲအဆုံး သတ်ရေးအတွက် ၎င်းတို့တင်ပြထားသည့် အဆိုပြုချက်များအပေါ် ဝါရှင်တန်၏ တုံ့ပြန်မှုကို ဆက်လက်သုံးသပ်နေဆဲ ဖြစ် သည်။
တနင်္လာနေ့တွင် ဟော်မုဇ်ရေလက်ကြားအတွင်း အခြေအနေများမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ပထမဦးစွာ သမ္မတ ဒေါ်နယ်ထရန့်က ပိတ်မိနေသော သင်္ဘောများကို အမေရိကန်ရေတပ်က ကာကွယ်၍ လမ်းပြခေါ်ဆောင်ပေးမည့် “Project Freedom” စစ်ဆင်ရေးကို ကြေညာခဲ့သည်။
တစ်ဖက်တွင်မူ အီရန်သည် ရေလက်ကြား၏ နယ် နိမိတ်အသစ်များကို အရှေ့ဘက်သို့ ထပ်မံတိုးချဲ့သတ် မှတ်ထားသည့် မြေပုံသစ်ကို ထုတ်ပြန်ခဲ့ပြီး၊ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နှင့် ညှိနှိုင်းခြင်းမရှိဘဲ ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးခဲ့သည်။ ထို့နောက် အီရန်နိုင်ငံပိုင်မီဒီယာများက သတိ ပေးချက်ကို လျစ်လျူရှုသည့် အမေရိကန်စစ်သင်္ဘောတစ်စင်းကို ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း ဝါရှင်တန်ကမူ ယင်းသတင်းကို ငြင်းဆိုထားသည်။
#Iran #USNavy #Pakistan #MVTouska #Diplomacy #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN