(ပြည်တွင်း) မေ ၄
၂၀၂၆ ခုနှစ် မေ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ဘုရားချောင်းကျေးရွာအုပ်စု ဘုရားချောင်းကျေးရွာရှိ ဒေါ်တင်မြ တရားရိပ်သာတွင် မြေအငှားဂရန် ချပေးနိုင်ရေးနှင့်ပတ်သက်၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁) ဦးလှဌေး တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ မြေဂရန်ပြုလုပ်ဆောင်ရွက်ရေးအတွက် လိုအပ်သော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အပြင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးမှ ရက် (၁၀၀) စီမံချက်အတွင်း နိုင်ငံတော်က ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြေစာရင်းဦးစီးမှူးမှလည်း လုပ်ငန်းများ အောင်မြင်စေရန် ဒေသခံပြည်သူများ ပူးပေါင်းကူညီပေးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများအကြား အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
#PAN