(မှုခင်း) ဧပြီ ၂၈
ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်အတွင်း ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင်မိုးသက်လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် မယ်နင်ကျေးရွာအုပ်စု၊ ကာနကျေးရွာအနီး မိုင်းဆတ်–မိုင်းတုံကားလမ်းပေါ်၌ သစ်ပင်တစ်ပင် လဲကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဆတ်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ည ၈ နာရီ ၆ မိနစ်ခန့်တွင် လမ်းပိတ်ဆို့မှုကို ပြီးစီးရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။