
(မှုခင်း) ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ် ကွက်၊ တော်ကော့တွင်း(၄)လမ်း အမှတ်(တကတ-***) နေအိမ်ဆိုင် ခန်း၊ အခန်းအမှတ်(၁)တွင် ဘိန်းစာရွက် နှင့် ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများ ဖမ်းဆီးရမိကြောင်း သိရသည်။
ဧပြီ ၂၃ ရက် မွန်းတည့်၁၂နာရီ၅၀မိနစ် အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ် ကွက်၊ တော်ကော့တွင်း(၄)လမ်း အမှတ်(တကတ-***) နေအိမ်ဆိုင် ခန်း၊ အခန်းအမှတ်(၁)အား ဝင် ရောက်ရှာဖွေရာ စိုင်းလုံဆိုင်၊ ၁၃/ကတန(နိုင်)******၊ (ဘ) ဦးစိုင်းဆိုက်၊ သက်(၄၂/၂၆)နှစ် ခန့် ၊ ရှမ်း/ဗုဒ္ဓ၊ ဝမ်အင်း၊ ရပ်ကွက် (၄)၊ ကျိုင်းတုံမြို့နေသူနှင့်အတူ ဘိန်းစာရွက်(ကထော့်) ကီလို(၄၀)ဂရမ်ခန့်ရှိ (ဒေသတန်ဖိုး တစ်ကီလိုလျှင် ငွေ ၄၀၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၁၆ သိန်းခန့်) အားလည်းကောင်း၊ ဘိန်းစာရွက် များနှင့် (ကထော့်) ချက်လုပ်ရာတွင် အသုံးပြုသည့် စပ်ဆက်ပစ္စည်းများ တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ ဖမ်းမိတရားခံစိုင်းလုံဆိုင် အား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။