အီရန်စစ်ပွဲတွင် ပူးပေါင်းမှုအားနည်းသည့် စပိန်ကို နေတိုးမှထုတ်ပယ်ရန်နှင့် ဗြိတိန်၏ ဖောက်ကလန်ကျွန်းအရေး ပြန်လည်သုံးသပ်ရန် အမေရိကန် စီစဉ်နေ

(နိုင်ငံတကာ) ဧပြီ ၂၄

     ​အီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲတွင် ဝါရှင်တန်အား လုံလောက်စွာ ကူညီခြင်းမရှိသည့် နေတိုး (NATO) မဟာမိတ်နိုင်ငံများအပေါ် အရေးယူဆောင်ရွက်မည့် အစီအမံများပါဝင်သော အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းအီးမေးလ်တစ်စောင် ပေါက်ကြားလာမှုကြောင့် ဥရောပနှင့် အမေရိကန်ကြား တင်း မာမှုများ အရှိန်မြင့်တက်လာခဲ့သည်။

​     Reuters သတင်းဌာနက ကိုးကားဖော်ပြသည့် အမေရိကန်အရာရှိတစ်ဦး၏ အဆိုအရ သမ္မတထရန့်၏ အမျိုးသားလုံခြုံရေးအကြံပေးအဖွဲ့ဝင်တစ်ဦး ရေး သားသည့် အီးမေးလ်ပေါက်ကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါအီးမေးလ်တွင် စပိန်နိုင်ငံသည် အမေရိကန်အား ၎င်း၏ လေပိုင်နက်နှင့် အခြေစိုက်စခန်းများ အသုံးပြုခွင့်ပေးရန် ငြင်းဆန်ခဲ့သည့်အတွက် စပိန်အား နေတိုးအဖွဲ့ဝင်အဖြစ်မှ ခေတ္တရပ်ဆိုင်းရန်နှင့် အီရန်စစ်ပွဲတွင် ပါဝင်ရန် တွန့်ဆုတ်နေသည့် ဗြိတိန်အား ဖိအားပေးသည့်အနေဖြင့် အာဂျင်တီးနားနှင့် အငြင်း ပွားနေသော ဖောက်ကလန်ကျွန်းစုအပေါ် ဝါရှင်တန်၏ ရပ်တည်ချက်ကို ပြန်လည်သုံးသပ်ရန်တို့ ပါဝင်သည်။

​     အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ် ဟတ်ဂ်ဆက်ကလည်း နေတိုးနိုင်ငံများသည် ဟော်မုဇ်ရေလက် ကြား ဖွင့်လှစ်ရေးတွင် ကိုယ်တိုင်ပါဝင်ခြင်းမရှိဘဲ အမေရိကန်ကိုသာ အားကိုးနေသည့် “အခမဲ့စီးနင်းခွင့်” (Free-riding)ခေတ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြင်းပြင်းထန်ထန် သတိ ပေးခဲ့သည်။ ၎င်းက နေတိုးနိုင်ငံများသည် စကားတွေအများကြီးပြောနေမည့်အစား စစ်ပွဲထဲသို့ သင်္ဘောများစေလွှတ်ရန် တိုက်တွန်းခဲ့သည်။

​     စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ၎င်းအနေဖြင့် အဆိုပါပေါက်ကြားလာသည့် အီးမေးလ်အပေါ် စိုးရိမ်ခြင်းမရှိဘဲ စပိန်သည် ယုံကြည်စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ၏ ပြောရေးဆိုခွင့်ရှိသူကလည်း ဖောက်ကလန်ကျွန်းစုအပေါ် ဗြိတိန်၏ အချုပ် အခြာအာဏာမှာ ပြောင်းလဲခြင်းမရှိကြောင်းနှင့် မည်သည့်ဖိအားပေးမှုကိုမျှ လက်ခံမည်မဟုတ်ကြောင်း ဆိုသည်။

     ယခုဖြစ်ရပ်သည် ၇၇ နှစ်သက်တမ်းရှိပြီဖြစ်သော နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အတွင်း အမေရိကန်၏ ဦး ဆောင်မှုနှင့် ဥရောပနိုင်ငံများ၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တို့အကြား အကြီးမားဆုံးသော ပဋိပက္ခတစ်ခု ဖြစ်လာနိုင်ပါသည်။

​#NATOConflict #USAid #Spain #UK #FalklandIslands #IranWar #DefensePolicy #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN