

(မှုခင်း) ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ ကျန်စစ်သားလမ်းမပေါ်ရှိ စျေးဆိုင်ခန်းတွင် ယနေ့နံနက် ၃နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ၊ လူမှုကယ်ဆယ်ရေးအသင်းမှ မီးသတ်ယာဥ်များ၊ဒေသခံပြည်သူများ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာ နံနက်၃ နာရီ၄၆မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုတွင် မီးလောင်ဆုံးရှုံးမှုတန်ဖိုးနှင့် မီးစတင်လောင်ကျွမ်းသည့်အကြောင်းအရင်းအား သက်ဆိုင်ရာတာဝန်ရှိသူများမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။