
(နိုင်ငံတကာ) ဧပြီ ၂၃
ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ အီဝါတေး (Iwate) စီရင်စုရှိ မြို့တစ်မြို့၏ နေရာနှစ်ခုတွင် ဗုဒ္ဓဟူးနေ့က တောမီးများ စတင်လောင်ကျွမ်းခဲ့သဖြင့် ဒေသန္တရအာဏာပိုင်များက ဒေသခံပြည်သူ ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားပြီး၊ မီးငြှိမ်းသတ်ရန်အတွက် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (SDF) ထံမှ အကူအညီတောင်းခံထားရသည်။
ပထမတောမီးသည် အိုဆူချီ (Otsuchi) မြို့၊ ကိုဇူချီ (Kozuchi) ရပ်ကွက်တွင် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး အဆောက်အအုံ အမြောက် အမြားနှင့် အနီးနားရှိ သစ်တောများသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ယင်းနေရာနှင့် ၁၀ ကီလိုမီတာခန့်အကွာရှိ ကီရီကီရီ (Kirikiri) ရပ်ကွက်ရှိ တောင်တန်းဒေသတွင်လည်း မွန်းလွဲပိုင်း၌ နောက်ထပ်တောမီးတစ်ခု ထပ်မံလောင် ကျွမ်းခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် အခြားသတင်းရင်းမြစ်များအရ သိရသည်။
မြို့အာဏာပိုင်များက ဒုတိယတောမီးလောင်ကျွမ်းရာနေရာအနီးရှိ အိမ်ထောင်စု ၅၆၆ စုမှ လူပေါင်း ၁,၀၇၇ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အကြံပြုထားသည်။ ယခုအချိန်အထိ တောမီးကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
“နေရာနှစ်ခုမှာ တစ်ပြိုင်နက် မီးလောင်တာကို မြင်ရလို့ အရမ်းအံ့သြမိပါတယ်” ဟု မိသားစုဝင်များနှင့်အတူ အားကစားရုံတစ်ခုသို့ ဘေးလွတ်ရာ ရွှေ့ပြောင်းလာသည့် အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုကာ၊ သူမ၏ နေအိမ်အခြေအနေအတွက်လည်း စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
မီးငြှိမ်းသတ်ရေးတွင် အခက်အခဲများ ရှိနေသဖြင့် ဒေသန္တရအာဏာပိုင်များသည် ဂျပန်ကိုယ်ပိုင်ကာကွယ် ရေးတပ်ဖွဲ့(SDF) ထံမှ အကူအညီတောင်းခံထားရာ တပ်ဖွဲ့ဝင်များမှာ မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီနေပြီဖြစ်သည်။ ဒေသတွင်း မိုးလေ ဝသဌာနကလည်း လေပြင်းတိုက်ခတ်မှုနှင့် လေထုခြောက်သွေ့မှုများ ဆက်လက်ရှိနေနိုင်သဖြင့် မီးအန္တရာယ်ကို အထူးသတိပြုကြရန် ဆက်လက်သတိ ပေးထားသည်။
#JapanWildfire #IwatePrefecture #Otsuchi #Ofunato #NaturalDisaster #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN