
(နိုင်ငံတကာ) ဧပြီ ၂၃
အမေရိကန်ရေတပ်ဝန်ကြီး ဂျွန်ဖီလန်(John Phelan)သည် ပင်တဂွန်စစ်ဌာနချုပ်၏ အဆင့်မြင့်ခေါင်းဆောင်ပိုင်းနှင့် လပေါင်းများစွာ သဘောထားကွဲလွဲမှုများဖြစ်ပွားခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရာထူးမှ ရုတ်တရက်ထုတ်ပယ်ခြင်းခံခဲ့ရသည်။ ဤသည်မှာ အီရန်နှင့် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း ပင်တဂွန်ခေါင်း ဆောင်ပိုင်းကြားမှ နက်ရှိုင်းသော အက်ကြောင်းများကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။
မစ္စတာဖီလန်သည် ထရန့်အစိုးရအဖွဲ့အတွင်း ပထမဆုံးအကြိမ် ရာထူးမှထွက်ခွာရသည့် ဝန်ကြီးတစ်ဦးဖြစ်သော်လည်း ကာကွယ်ရေးဝန်ကြီးနှင့် ထိပ်တိုက်တွေ့သူများအနက် ဒုတိယမြောက်ဖြစ်သည်။ ကာကွယ် ရေးဝန်ကြီး ဟက်ဂ်ဆက်သည် ကြည်းတပ်ဝန်ကြီး ဒန်နီယယ်လ် ဒရစ်စကိုးလ် (Daniel P. Driscoll) နှင့်လည်း ရာထူးတိုးမြှင့်ရေးကိစ္စအပါအဝင် အခြားသောကိစ္စရပ်များစွာဖြင့် သဘောထားကွဲလွဲလျက်ရှိသည်။ ဟက်ဂ်ဆက်သည် ယခုလအစောပိုင်းကလည်း ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရန်ဒီဂျော့ချ် (Gen. Randy George)ကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
မစ္စတာဖီလန်သည် ရေတပ်ကို ပြန်လည်တည် ဆောက်ရန်အတွက် “Trump-class” စစ်သင်္ဘောကြီးများ ပါဝင်သည့် “Golden Fleet” စီမံကိန်းကို တွန်းအားပေးခဲ့သူဖြစ်သည်။ သို့သော် သဘောထားကွဲလွဲမှုများဖြစ်ပွားပြီးနောက် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက် (Pete Hegseth) နှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။
ဖီလန်က စစ်သင်္ဘောကြီးများကို အသားပေးလိုသော်လည်း ပင်တဂွန်ခေါင်းဆောင်ပိုင်းက ရေငုပ် သင်္ဘော၊ လူမဲ့စနစ် (Drone) နှင့် ဆိုင်ဘာစစ်ဆင်ရေးများကိုသာ ဦးစားပေးလိုသည်။ ဗိုလ်ချုပ်အဆင့် ရာထူးတိုးမြှင့်ရာတွင် ကာကွယ်ရေးဝန်ကြီး၏ ညွှန် ကြားချက်အပေါ် သဘောထားကွဲလွဲခဲ့ပြီး ပင်တဂွန်၏ ဒုတိယခေါင်းဆောင်များနှင့် စီမံခန့်ခွဲမှုပုံစံကြောင့် လပေါင်းများစွာ တင်းမာမှုများ ရှိနေခဲ့သည်။
ရေတပ်ဝန်ကြီးသည် စစ်ဆင်ရေးများကို တိုက်ရိုက်ကွပ်ကဲသူမဟုတ်သဖြင့် အီရန်ဆိပ်ကမ်းများကို ပိတ် ဆို့ထားသည့် လက်ရှိရေတပ်စစ်ဆင်ရေးများအပေါ် သိသာထင်ရှားသည့် သက်ရောက်မှုရှိလာဖွယ် မရှိပေ။ သို့ သော်လည်း အီရန်စစ်ပွဲတွင် အပြင်းအထန်အသုံး ပြုနေရသည့် တိုမာဟော့(Tomahawk) ဒုံးကျည်များနှင့် လေ ကြောင်းကာကွယ်ရေးစနစ်များ ပြန်လည်ဖြည့်တင်းရေးလုပ်ငန်းစဉ်တွင်မူ အနှောင့်အယှက်များ ဖြစ်ပေါ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိ ပေးထားသည်။
လွှတ်တော်အမတ်အချို့ကမူ အီရန်နှင့် စစ်ဖြစ်နေသည့် အရေးကြီးအချိန်မျိုးတွင် ရေတပ်၏ ထိပ်တန်းအရပ်ဘက်ခေါင်းဆောင်ကို ထုတ်ပယ်ခြင်းမှာ ရန်သူများနှင့် မဟာမိတ်များထံသို့ “မှားယွင်းသော အချက်ပြမှု” ပေးလိုက်ခြင်းဖြစ်ကြောင်း စိုးရိမ်တကြီး ဝေဖန်ခဲ့ကြသည်။
#USNavy #JohnPhelan #PentagonInfighting #TrumpClassBattleship #IranWar #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN