
(မှုခင်း)ဧပြီ ၂၀
ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ်(၄) ရပ်ကွက်ရှိ နေအိမ်ခြံဝင်းအတွင်း ကလေးငယ်တစ်ဦးဆော့ကစားနေစဥ် ကားဘော်ဒီဟောင်း ပိမိကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၉ ရက် နံနက် ၁၁ နာရီအချိန်ခန့်က မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ အနန္တသုခလမ်းတွင် အိမ်ရှင် ဦးနေထက်လင်း၏ နေအိမ်ခြံဝင်းအတွင်း သားဖြစ်သူ ၃ နှစ်အရွယ် မောင်ဘုန်းလင်းဇော်မှာ ဆော့ကစားနေစဉ် သရက်ပင်အား မှီ၍ ထောင်ထားသော ကားဘော်ဒီဟောင်းအား တိုက်မိခဲ့ပြီး ကားဘော်ဒီမှာ ကလေးငယ်ပေါ်သို့ လဲကျပိမိသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ကားဘော်ဒီအဟောင်းပိမိမှုကြောင့် မောင်ဘုန်းလင်းဇော်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။