ပွင့်ဖြူမြို့နယ်ရှိ တောင်သူများထံကို ဒီဇယ်အထူးဈေးနှုန်းနဲ့ရောင်းချပေး

(စီးပွားရေး) ဧပြီ ၂၀

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ တောင်သူများအတွက် ပြည်တွင်းထုတ် ဒီဇင်ဆီ ဂါလန် ၂၀,၅၆၉ ကို အထူးသက်သာသောစျေးနှုန်းဖြင့် လုပ်ငန်းခွင်းအရောက် တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မကွေးတိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်း၍ အဆိုပါဆီများကို ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်သည်။

၂၀၂၅-၂၀၂၆ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း နွေစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးရန်အတွက် မြေယာပြုပြင်ရန် ကျန်ရှိသော စိုက်ပျိုးမြေ ဧက ၂၀,၅၆၉ အား တစ်ဧကလျှင် စက်သုံးဆီ တစ်ဂါလန်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဒေသခံတောင်သူများ စိုက်ပျိုးရေးကုန်ကျစရိတ် သက်သာ‌ေစပြီး နွေသီးနှံအောင်မြင်စေရန် အထောက်အကူဖြစ်စေမည်ဟု ယူဆရသည်။