တနိုင်းမြို့ရှိဆွမ်ပရာဘွမ် စားသောက်ဆိုင်၌ မီးလောင်မှုဖြစ်ပွား

(မှုခင်း)ဧပြီ ၂၀

ကချင်ပြည်နယ် တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက် တနိုင်း-မိုင်ခွန်သွားလမ်းဘေးရှိ ဆွမ်ပရာဘွမ် စားသောက်ဆိုင် မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ၈နာရီခွဲ အချိန်ခန့်က တနိုင်း-မိုင်ခွန်သွားလမ်းဘေးရှိ ဆွမ်ပရာဘွမ် စားသောက်ဆိုင်မှ ဆိုင်ဝန်ထမ်း အမျိုးသားတစ်ဦးသည် ဆိုင်ဝန်ထမ်းများ စားသောက်ရန်အတွက် ဟင်းချက်နေစဥ် အပေါ့အပါး ခဏသွားရာ ပြန်လာချိန်၌ မီးစလောင်းကျွမ်းနေခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်အရ သိရသည်။

အဆိုပါ မီးလောင်းခြင့်ကြောင့် ဝန်ထမ်းနေအဆောင်များ ၊မော်တော်ယာဥ် ၂ စီး၊ရပ်ကွက်ရုံးများထိ ကူးစက်လောင်ကျွမ်းသွားခဲ့ပြီး မီးလောင်ဆုံးရှုံးမှုများကြောင်း၊
မီးလောင်သည့်နေရာသို့ တနိုင်း မီးသတ်တပ်ဖွဲ့များ ရောက်ရှိ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြရာ နံနက် ၉နာရီခွဲ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးသူအား တနိုင်းမြို့မရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်၊၊