
(နိုင်ငံတကာ) ဧပြီ ၁၅
အမေရိကန်နှင့် အီရန်အကြား ဒုတိယအကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေစဉ် ပါကစ္စတန်ဝန်ကြီး ချုပ် ရှာဘတ်ဇ် ရှရစ်ဖ်သည် ယခုအပတ်အတွင်း ဆော်ဒီအာရေးဘီးယားနှင့် တူရကီနိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ပါကစ္စတန်သမ္မတ အာဆစ်ဖ် အလီ ဇာဒါရီ၏ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ် ရှရစ်ဖ်သည် လက်ရှိရရှိထားသည့် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကာလကို အသုံးချကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်မြဲစေရန် အခြားသော ကြားဝင်စေ့စပ်ပေးသည့် နိုင်ငံများနှင့် ညှိနှိုင်းသွားမည်ဖြစ်သည်။ ဝန်ကြီးချုပ်၏ ယခုခရီး စဉ်သည် အမေရိကန်နှင့် အီရန်အကြား လမ်းဖွင့်ထားသည့် ဆက်သွယ်ရေးလမ်းကြောင်းများကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က New York Post နှင့် အင်တာဗျူးတွင် လာမည့်နှစ်ရက်အတွင်း ပါကစ္စတန်၌ ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခြေရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ပြီးခဲ့သည့်အပတ်က အစ္စလာမ္မာဘတ်တွင် ပြုလုပ်ခဲ့သည့် ၂၁ နာရီကြာ ဆွေးနွေးပွဲမှာ ရလဒ်မထွက်ခဲ့သော်လည်း သမ္မတထရန့်က ပါကစ္စတန်စစ်သေနာပတိ အာဆင်မူနီယာ၏ ကြိုးပမ်းမှုကို ချီးကျူးခဲ့ပြီး ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် လမ်းဖွင့်ထားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း အပစ်အခတ်ရပ်စဲရေး ဆွေး နွေးပွဲများ ပြန်လည်စတင်ရန် “အလွန်ဖြစ်နိုင်ခြေရှိသည်” ဟု ဆိုသော်လည်း နှစ်ပေါင်းများစွာ ရှုပ်ထွေးနေသည့် ပြဿနာဖြစ်သဖြင့် ဆွေးနွေးပွဲများ ရေရှည်ပြု လုပ်သွားရန် လိုအပ်ကြောင်း သတိပေးခဲ့သည်။
လက်ရှိတွင် အမေရိကန်နှင့် အီရန်အကြား တိုက် ခိုက်မှုများ ရပ်တန့်ထားသော်လည်း အမေရိကန်ရေတပ်က အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားဆဲဖြစ်သည်။ သို့သော်လည်း နှစ်ဖက်စလုံးက ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်လှစ်ထားကြောင်း အသိ အမှတ်ပြုလာကြခြင်းမှာ ငြိမ်းချမ်းရေးအတွက် ကောင်းမွန်သည့် အရိပ်အယောင်တစ်ခု ဖြစ်နေသည်။
ဝန်ကြီးချုပ် ရှရစ်ဖ်၏ ရီယာ့ဒ်နှင့် အန်ကာရာ ခရီးစဉ်အတွင်း ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆယ်လ်မန်၊ တူရကီသမ္မတ အာဒိုဂန်တို့နှင့် တွေ့ဆုံကာ ဒေသတွင်း တင်းမာမှုများ လျှော့ချရေးနှင့် အစ္စလာမ္မာဘတ်၌ ဒုတိယအကြိမ် ဆွေးနွေးပွဲ ကျင်းပနိုင်ရေးတို့ကို အဓိကထား ဆွေးနွေးသွားဖွယ် ရှိနေပါသည်။
#Pakistan #USA #Iran #SaudiArabia #Turkey #PeaceTalks #ShehbazSharif #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN