အမရပူရတွင် အကြမ်းဖက်သင်တန်းဆင်း CDM ဝန်ထမ်းတစ်ဦးအား မှတ်ပုံတင်အတုနှင့်အတူ ဖမ်းဆီးရမိ

(ပြည်တွင်း)ဧပြီ ၁၅

     မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းသို့ မသင်္ကာဖွယ်မျက်နှာအုပ်၍ ဝင်ရောက်လာသူတစ်ဦးအား တာဝန်သိပြည်သူများ၏ သတင်းပေးမှုကြောင့် ဖမ်းဆီးရမိခဲ့ရာ ၎င်းမှာ အကြမ်းဖက်သင်တန်းဆင်း CDM ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

      ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအတွင်းသို့ အမျိုးသားတစ်ဦးသည် မျက်နှာကိုအုပ်၍ မသင်္ကာဖွယ်ရာ ဝင်ရောက်လာကြောင်း တာဝန်သိပြည်သူတစ်ဦးက သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့သည်။ ယင်းသတင်းအရ လုံခြုံရေးတာဝန်ရှိသူများက ချက်ချင်း သွား ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး စစ် ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

  စစ်ဆေးချက်များအရ ဖမ်းဆီးရမိသူမှာ စုပုံထွန်း (ခ) စုပုံ၊ ၂၉ နှစ် (ဘ – ဦးထွန်းထွန်း) ဖြစ်ပြီး မြစ်ငယ်မြို့၊ အောင်သပြေရပ်ကွက်တွင် နေထိုင်သည့် သံဂဟေလုပ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။ ၎င်းသည် မြန်မာ့မီးရထား (မြစ်ငယ်) မှ CDM ပြုလုပ်ထားသည့် ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွင်း ရန်ကုန်မြို့နေ စိုင်းသီဟန် ဆိုသူနှင့် ချိတ်ဆက်ကာ ကရင်ပြည် နယ်၊ KNLA တပ်မဟာ (၆) နယ်မြေတွင် (၆) လကြာ အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

     ၎င်းသည် သွားလာလှုပ်ရှားရာတွင် အာဏာပိုင်များ ၏ စစ်ဆေးမှုကို ရှောင်လွှဲနိုင်ရန် မှတ်ပုံတင်အတုကို အသုံးပြု၍ သွားလာနေသူဖြစ်သည်။ လက်ရှိတွင် ဖမ်း ဆီးရမိသူ စုပုံထွန်းအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် ၎င်းနှင့်ဆက်နွှယ်နေသူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

​#MandalayNews #Amarapura #TerroristArrested #CDM #SafetyAlert #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews
#PAN