
(နိုင်ငံတကာ) ဧပြီ ၁၄
အီရန်ဆိပ်ကမ်းများကို အမေရိကန်ပြည်ထောင်စုက ရေတပ်ဖြင့် စတင်ပိတ်ဆို့လိုက်သည့် ပထမဆုံးနေ့တွင်ပင် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု (Sanction) ခံထားရသော ရေနံတင်သင်္ဘောများအပါအဝင် သင်္ဘောအချို့သည် ဟော်မုဇ်ရေလက်ကြားကို ဘေးကင်းစွာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သင်္ဘောသွားလာမှုဆိုင်ရာ အချက်အလက်များအရ သိရသည်။
အင်္ဂါနေ့တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခဲ့သည့် သင်္ဘော (၃)စင်းအနက် နှစ်စင်းမှာ အမေရိကန် ၏ ပိတ်ဆို့အရေးယူမှု ခံထားရသည့် သင်္ဘောများဖြစ် သည်။ ယင်းတို့အနက် ‘Rich Starry’ အမည်ရှိ တရုတ်ပိုင်သင်္ဘောမှာ ပိတ်ဆို့မှုစတင်ပြီးနောက်ပိုင်း ရေလက် ကြားကို ပထမဆုံးအကြိမ် အောင်မြင်စွာ ဖြတ်သန်းနိုင်သည့် သင်္ဘောဖြစ်လာသည်။ အဆိုပါသင်္ဘောများ သည် အီရန်ဆိပ်ကမ်းများသို့ တိုက်ရိုက်ဦးတည်ခြင်း မဟုတ်ဘဲ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နှင့် အီရတ်နိုင်ငံများသို့ သွားရောက်ခြင်းဖြစ်သောကြောင့် အမေရိကန်ရေတပ်၏ တားဆီးမှုကို မခံခဲ့ရခြင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကော့ကျိခွန်းက အမေရိကန်၏ ယခုလုပ်ရပ်သည် “အန္တရာယ်ရှိပြီး တာဝန်မဲ့သော အပြုအမူ” ဖြစ် ကြောင်း ပြစ်တင်ရှုတ်ချခဲ့သည်။ အမေရိကန်၏ ပစ် မှတ်ထား ပိတ်ဆို့မှုများသည် ဒေသတွင်း တင်းမာမှုများကိုသာ ပိုမိုဆိုးရွားစေပြီး ရေကြောင်းဘေးကင်းလုံခြုံမှုကို ခြိမ်း ခြောက်နေသည်ဟု တရုတ်ဘက်က ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်းတို့လိုအပ်သော ရေနံ၏ ထက်ဝက်ကျော်ကို အရှေ့အလယ်ပိုင်းမှ ရရှိနေခြင်းကြောင့် ယခုပိတ်ဆို့မှုအပေါ် အထူးစိုးရိမ်နေခြင်းဖြစ်သည်။
အီရန်ဘက်ကလည်း ရေလက်ကြားကို လက်တွေ့ကျကျ ထိန်းချုပ်ထားပြီး အကယ်၍ အမေရိကန်က အီရန်ရေနံတင်သင်္ဘောများကို စတင်တားဆီးပါက အီရန် ဘက်ကလည်း အခြားနိုင်ငံတကာသင်္ဘောများကို တန် ပြန်ပိတ်ဆို့လာနိုင်သည့် အန္တရာယ်ရှိနေသည်။ ယင်းအခြေအနေကြောင့် ကမ္ဘာတစ်ဝှမ်းတွင် စက်သုံးဆီစျေးနှုန်းများ ထိုးတက်သွားနိုင်ကြောင်း လေ့လာသူများက သတိပေးထားသည်။
ပိတ်ဆို့မှုများ ပြင်းထန်နေသော်လည်း သမ္မတထရန့်က အီရန်အနေဖြင့် သဘောတူညီချက်ရယူရန် အခွင့် အရေးရှိနေဆဲဟု ဆိုထားသည်။ ပါကစ္စတန်နိုင်ငံကလည်း နှစ်ဖက်စလုံးအကြား ငြိမ်းချမ်းရေးရရှိရန် ကြားဝင်စေ့စပ်ပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အတည်ပြုထားသည်။
#HormuzBlockade #ChinaVsUS #OilTankers #EnergyCrisis #GlobalPolitics #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN