တောင်မြောက်လမ်းဆုံအနီး ရေပက်ခံယာဉ် တိမ်းမှောက် ယာဥ်ပေါ်လိုက်ပါသူများ ထိခိုက်ဒဏ်ရာရ

(မှုခင်း)ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း တောင်မြောက်လမ်းဆုံအနီးတွင် ရေပက်ခံထွက်လာသည်ယာဉ် ၁စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ရေပတ်ခံထွက်လာသည့် ယာဥ်၁စီးသည် တောင်မြောက်လမ်းဆုံအနီး ယာဉ်ဘီးကျွတ်ကာ တိမ်းမှောက်ခဲ့ပြီး ကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် ခုနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါ ယာဥ်တိမ်းမှောက်မှုအားနယ်မြေခံလူမှုရေးအသင်းများနှင့် တာဝန်ရှိသူများက ဝိုင်းဂန်းကူညီပေးခဲ့ကြောင်း ထိခိုက်ဒဏ်ရာရရှိသူများအား မြောက်ဥက္ကလာ( မေဓာဝီ)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

#PAN