
(နိုင်ငံတကာ) ဧပြီ ၁၄
အမေရိကန်ပြည်ထောင်စုက ဟော်မုဇ်ရေလက် ကြား(Strait of Hormuz)ကို ပိတ်ဆို့ပြီး အီရန်အပေါ် စီးပွားရေးအရ အကျပ်ကိုင်ရန် ကြိုးပမ်းနေချိန်တွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်သည် ပေကျင်းမြို့သို့ ရောက်ရှိလာပြီး တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
အင်္ဂါနေ့တွင် ရောက်ရှိလာသည့် လာဗရော့ဗ်ကို တရုတ်ဘက်က ကော်ဇောနီခင်း၍ နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ပေကျင်းနှင့် မော်စကိုတို့သည် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး၊ ယခုစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင် အကျပ် အတည်းကို ဖြေရှင်းရန် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ကြသည်။ လာဗရော့ဗ်သည် အီရန်နိုင်ငံခြား ရေးဝန်ကြီးနှင့်လည်း ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး စစ်ရေးအရ ဖြေရှင်းခြင်းထက် သံတမန်ရေးနည်းလမ်းကို ဦးစားပေးရန် တိုက်တွန်းခဲ့သည်။
ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် လာမည့်လတွင် ပေကျင်းသို့ သွားရောက်ရန် စီစဉ်ထားသော သမ္မတထရန့်က အကယ်၍ တရုတ်က တီဟီရန်သို့ စစ်ရေးအရ အကူ အညီပေးပါက တရုတ်ကုန်စည်များအပေါ် ၅၀ ရာခိုင် နှုန်း အခွန်တိုးမြှင့်မည်ဟု တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ အထူးသဖြင့် တရုတ်က အီရန်သို့ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပေးပို့ရန် ပြင်ဆင်နေသည်ဟူသော အမေရိကန်ထောက်လှမ်း ရေးသတင်းများအပေါ် အခြေခံ၍ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသည် ယခုသီတင်းပတ်အတွင်း စစ်ပွဲနှင့် စီးပွားရေးဂယက်ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသော နိုင်ငံများမှ ခေါင်းဆောင်အတော်များများကို ကြိုဆိုလက်ခံခဲ့သည်။ ယင်းတို့တွင် စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ် (Pedro Sanchez) နှင့် MBZ ဟု လူသိများသော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သမ္မတ မိုဟာမက် ဘင် ဇာယက် အယ်လ် နဟ်ယန် (Mohamed bin Zayed Al Nahyan) တို့ ပါဝင်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် MBZ နှင့် ဆန်းချက်ဇ်တို့အား အင်္ဂါနေ့နံနက်ပိုင်းတွင် တွေ့ဆုံခဲ့ပြီး၊ ဗီယက်နမ်သမ္မတ တိုလမ် (To Lam) သည်လည်း လေးရက်ကြာခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ ရောက်ရှိလာရန် မျှော်လင့်ရသည်။
#LavrovInChina #ChinaVsUS #MiddleEastTension #HormuzBlockade #GlobalDiplomacy #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN