
(နိုင်ငံတကာ) ဧပြီ ၁၃
အမေရိကန်နှင့် ရရှိထားသော အီရန်၏ နုနယ်သည့် အပစ်အခတ်ရပ်စဲရေးအပေါ် မရေရာမှုများ လွှမ်းမိုးနေစဉ်၊ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများထံမှ အခွန်ကောက်ခံရန် အီရန်၏ ကြိုး ပမ်းမှုမှာ တရားမဝင်ဘဲ နိုင်ငံတကာအသိုက်အဝန်းက ယင်းကို ပယ်ချသင့်ကြောင်း ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေး စောင့်ကြည့်ရေးအဖွဲ့အကြီးအကဲက ပြောကြားလိုက်သည်။
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်တွင် ပြုလုပ်ခဲ့သော အမေရိကန်-အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌ အီရန်ဘက်က ၎င်းတို့၏ သိမ်းဆည်းခံပိုင်ဆိုင်မှုများ ပြန်မရသေးသည့်အတွက် စစ်လျော် ကြေးရရန် နည်းလမ်းတစ်ခုအဖြစ် စစ်ပွဲပြီးဆုံးပြီးနောက်ပိုင်းတွင်ပင် ရေလက်ကြားတွင် အခွန်ကောက်ခံလိုကြောင်း အဆို ပြုခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (IMO) ၏ အထွေထွေအတွင်းရေးမှူးချုပ် အာဆန်နီယို ဒိုမင်းဂွက်ဇ် (Arsenio Dominguez) က နိုင်ငံများအနေဖြင့် ယခုကဲ့သို့ အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းများတွင် အခွန်အခများ မိတ်ဆက်ကောက်ခံပိုင်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်။ အကယ်၍ အီရန်က အခွန်ကောက်ခံမည်ဆိုပါက ယင်းမှာ ကမ္ဘာ့ရေ ကြောင်းပို့ဆောင်ရေးအတွက် အလွန်ဆိုးရွားသော စံနမူနာတစ်ခု ဖြစ်သွားနိုင်သဖြင့် မည်သည့်နိုင်ငံကမျှ ယင်းကို မလိုက်နာကြရန် ၎င်းက တိုက်တွန်းထား သည်။
“ဘယ်လိုအခွန်ကောက်ခံမှုမျိုးမဆို အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ဒီလိုလုပ်ဆောင် ချက်မျိုးဟာ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးကဏ္ဍအတွက် အလွန်ဆိုးရွားတဲ့ အစဉ်အလာတစ်ခု ဖြစ်သွားစေနိုင်တာကြောင့် ဘယ်သူကမျှ ဒီလိုဝန်ဆောင်မှုမျိုးကို အသုံးမပြုကြဖို့ ကျွန်တော် တိုက်တွန်းပါတယ်” ဟု ဒိုမင်းဂွက်ဇ်က ဆိုသည်။
ပါကစ္စတန်နိုင်ငံတွင် အမေရိကန်နှင့် အီရန်အရာရှိများအကြား အပစ်အခတ်ရပ်စဲရေးအတွက် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသော်လည်း တနင်္ဂနွေနေ့တွင် သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ချိန်၌ ဒိုမင်းဂွက်ဇ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။
အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ထုတ် လုပ်ရန် ကြိုးပမ်းမည်မဟုတ်ကြောင်းအချက် အပါ အဝင် ဝါရှင်တန်၏ သဘောတူညီချက်ပါ စည်းကမ်းချက်များကို တီဟီရန်ဘက်က လက်မခံခဲ့ကြောင်း အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောကြားခဲ့သည်။
အလားတူ အီရန်ဖက်က တောင်းဆိုခဲ့သော ဟော်မုခ်ရေလက်ကြားတွင် အခွန်ကောက်ခံလိုမှုကိုလည်း အမေရိကန်ဘက်က လုံးဝလက်မခံခဲ့ဘဲ ဆွေးနွေးပွဲမှာ သဘောတူညီချက် မရရှိဘဲ ပြီးဆုံးသွားခဲ့သည်။
ရေလက်ကြား ပိတ်ဆို့မှုကြောင့် လက်ရှိတွင် ပင် လယ်ကွေ့အတွင်း သင်္ဘောသားပေါင်း ၂၀,၀၀၀ ခန့် ပိတ်မိနေပြီး ကမ္ဘာ့စွမ်းအင် တင်ပို့မှုများလည်း ရပ်တန့်နေသည်။ ဒိုမင်းဂွက်ဇ်က စစ်ပွဲမတိုင်မီက ရေကြောင်းသွားလာမှုမှာ အဆင်ပြေချောမွေ့ခဲ့ပြီးဖြစ်ရာ ယခုပိတ်ဆို့မှုကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ “စစ်ပွဲကို အမြန်ဆုံးအဆုံးသတ်ရေး”သာ ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။
#StraitOfHormuz #UN #IMO #ArsenioDominguez #Iran #GlobalShipping #MiddleEastConflict #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN