ကျိုင်းတုံမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှု့ခင်း)ဧပြီ ၁၂

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ဟွေဆိုင်းကျေးရွာရှိနေအိမ်တစ်လုံးအား ဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက်၈နာရီခွဲ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဟွေဆိုင်းကျေးရွာရှိ ဒေါမိနစ်(ခ)လော်ဂျူး ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၇,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၁၁၉ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ဖမ်းဆီးရမိသည်။

အလားတူ ယင်းနေ့ မွန်းလွဲ၂နာရီ၁၅မိနစ် အချိန် ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ဟွေပုံကျေးရွာအနီးတွင် အားဒို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ် ၂၈ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ စိတ်ကြရူးသွပ်ဆေးများနဲ့အတူ ဖမ်းဆီးရမိသည့် ဒေါမိနစ်(ခ)လော်ဂျူး(၂၇)နှစ် နှင့် အားဒို(၃၇)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။