
(နိုင်ငံတကာ) ဧပြီ ၁၁
ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ္မာဘတ်မြို့တွင် အမေရိကန်နှင့် အီရန်တို့အကြား အဆုံးအဖြတ်ပေးမည့် ငြိမ်း ချမ်းရေးဆွေးနွေးပွဲများ စတင်နေပြီဖြစ်သော်လည်း၊ အမေရိကန်အစိုးရသည် အရှေ့အလယ်ပိုင်းဒေသအတွင်းသို့ စစ်သည်အင်အားနှင့် စစ်လက်နက်ပစ္စည်းများကို ဆက်လက်ဖြည့်တင်းလျက်ရှိကြောင်း သိရသည်။
Wall Street Journal ၏ အစီရင်ခံစာအရ အမေရိကန်သည် အရှေ့အလယ်ပိုင်းသို့ ကြည်းတပ်၏ 82 nd Airborne Division မှ စစ်သည်အင်အား ၁,၅၀၀ နှင့် ၂,၀၀၀ ကြားကို လာမည့်ရက်အနည်းငယ်အတွင်း ထပ်မံစေလွှတ်ရန် ပြင်ဆင်နေသည်။ ထို့ပြင် တိုက် လေယာဉ်များနှင့် တိုက်ခိုက်ရေးလေယာဉ် အများအပြားသည်လည်း ဒေသတွင်းရှိ အမေရိကန်အခြေ စိုက်စခန်းများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လေကြောင်းပျံသန်းမှု စောင့်ကြည့်ဒေတာများက ဖော် ပြနေသည်။
အမေရိကန်ရေတပ်သည် လေယာဉ်တင်သင်္ဘော USS George H.W. Bush ဦးဆောင်သည့် စစ်သင်္ဘောအုပ်စုကို အတ္တလန္တိတ်သမုဒ္ဒရာမှတစ်ဆင့် စေလွှတ်ထားသလို၊ ပစိဖိတ်သမုဒ္ဒရာဘက်မှလည်း မရိန်းတပ်ဖွဲ့ဝင်များ တင်ဆောင်လာသည့် USS Boxer နှင့် ၎င်း၏ အရန်သင်္ဘောများမှာ အရှေ့အလယ်ပိုင်းသို့ ဦးတည်ခုတ်မောင်းနေကြပြီ ဖြစ်သည်။ ယင်းရေတပ်အင်အား စုများသည် ဒေသတွင်းသို့ ရောက်ရှိရန် တစ်ပတ်ခန့် အချိန်ယူရဦးမည်ဖြစ်သည်။
ယခုကဲ့သို့ တပ်ဖြန့်မှု အစီအစဉ်များသည် နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ကာလအတွင်း အရှေ့အလယ်ပိုင်း ပဋိပက္ခကို အဆုံးသတ်ရန် ရည်ရွယ်သည့် အလွန်အရေးကြီးသော အီရန်နှင့် ဆွေးနွေးမှုများ ပြု လုပ်ရန် အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် စနေနေ့တွင် အစ္စလာမ္မာဘတ်သို့ ရောက်ရှိလာချိန်နှင့် တိုက် ဆိုင်နေသည်။
ဗန့်စ်၏ လေယာဉ်သည် အစ္စလာမ္မာဘတ်မြို့အနီးရှိ ပါကစ္စတန်လေတပ်၏ နူးခန်း (Nur Khan) လေတပ်စခန်းသို့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၉ မိနစ် (ဂရင်းနစ်စံတော်ချိန် ဝ၅:၂၉ နာရီ) တွင် ဆင်းသက်ခဲ့သည်။ အမေရိကန် ကိုယ်စားလှယ်အဖွဲ့၏ အခြားအဖွဲ့ဝင်များတွင် အထူးသံတမန် စတိဗ် ဝစ်ကော့ဖ် နှင့် သမ္မတ ဒေါ်နယ်ထရန့်၏ သားမက် ဂျာရက် ကွတ်ရှ်နာ တို့ ပါဝင်ကြသည်။
အီရန်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်သည်လည်း နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီ နှင့် အဆင့်မြင့် လုံခြုံရေးအရာရှိ အလီဘာဂါရီ ကာနီ (Ali Bagheri Kani) တို့ အပါအဝင် ၎င်း၏ ကိုယ်စား လှယ်အဖွဲ့နှင့်အတူ စနေနေ့ အစောပိုင်းတွင် ရောက်ရှိလာခဲ့ပါသည်။
ဆွေးနွေးမှုစတင်ရန် အချိန်ကိုက် ယခုကဲ့သို့ အမေရိကန်၏ စစ်ရေးအင်အား တိုးမြှင့်မှုကို အီရန်ဘက်ကမူ စိုးရိမ်လျက်ရှိပြီး ဆွေးနွေးပွဲများကို အနှောင့် အယှက် ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။ သို့သော် ဝါရှင်တန်ဘက်ကမူ ယခုတပ်ဖြန့်မှုမှာ ဖြစ်ပေါ်လာနိုင်သည့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားခြင်းသာဖြစ်ကြောင်း ဆိုသည်။
#USMilitary #MiddleEast #USIranTalks #JDVance #82ndAirborne #USNavy #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN