ပုသိမ်မြို့ တဂေါင်းဘုရားလမ်းတွင် ဆိုင်ကယ်တိုက်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

(မှုခင်း) ဧပြီ ၁၁

၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် (၁၂) ရပ်ကွက် တဂေါင်းဘုရားလမ်းပေါ်ရှိ မျိုးသန့်စိုက်ပျိုးရေးခြံရှေ့တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယာဉ်မောင်း အောင်မျိုးသူ (၄၂ နှစ်) မောင်းနှင်သည့် Honda Dream-125 အနက်ရောင် ဆိုင်ကယ်သည် တဂေါင်းဘုရားလမ်းအတိုင်း မောင်းနှင်လာစဉ် မျိုးသန့်စိုက်ပျိုးရေးခြံရှေ့အရောက်တွင် တစ်ဘက်ယာဉ်ကြောသို့ ဝင်ရောက်သွားပြီး မျက်နှာချင်းဆိုင်မှ ယာဉ်မောင်း ဖြိုးဝေဦး (၂၉ နှစ်) မောင်းနှင်ကာ ဇနီးဖြစ်သူ ဒေါ်ဝေဝေဆန်း လိုက်ပါစီးနင်းလာသည့် New Ambo 110 အဖြူရောင် ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း အောင်မျိုးသူ၊ ၄၂နှစ်၊ (ဘ)ဦးမျိုး‌ေဆွ ကညင်ကုန်း ရပ်ကွက်အမှတ် (၁၂) ၊ပုသိမ်မြို့နေသူတွင် ယာမျက်လုံးဖုရောင်ဒဏ်ရာ၊ ယာနားသွေးထွက်ဒဏ်ရာ၊ ယာပါးဖုရောင်ဒဏ်ရာ (စိုးရိမ်ရ)နှင့် ယာဉ်မောင်း ဖြိုးဝေဦး၊ ၂၉နှစ်၊ (ဘ)ဦးအောင်ဖြိုး၊ ပေပင်ကြီးကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်နေသူသည် နှာခေါင်း‌ေသွးထွက်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ ပေါက်ပြဲသွေးထွက်ဒဏ်ရာ (သေဆုံး)နှင့် ဒေါ်ဝေဝေစန်း၊ ၃၂နှစ်၊ (ဘ)ဦးမောင်ပုလေး ပေပင်ကြီးကျေးရွာ၊ ကန်ကြီးထောင့်မြို့နယ်နေသူသည် ယာလက်ဖျံပွန်းဒဏ်ရာ၊ ယာခြေသလုံးစုတ်ပြဲဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြကြောင်း သိရသည်။

ဒဏ်ရာရသူများအား ညနေ ၅ နာရီခွဲအချိန်တွင် ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မော်တော်ယာဉ်ကို မဆင်မခြင် မောင်းနှင်မှုကြောင့် လူသေဆုံးမှု ဖြစ်ပေါ်စေခဲ့သူ ယာဉ်မောင်း အောင်မျိုးသူအား ပုသိမ်မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉၊ ၃၃၈၊ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN