(ပြည်တွင်း) ဧပြီ ၁၀
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ယနေ့ နံနက် ၁၀ နာရီတွင် လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အစီအစဉ် ၁၁ ခုဖြင့် အောင်မြင်စွာ ပြီးစီးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၈၅ ဦးအနက် ၈၁ ဦး တက်ရောက်ခဲ့ပြီး ၉၅ ရာခိုင်နှုန်းကျော် တက်ရောက်မှုရှိသဖြင့် လွှတ်တော်အထမြောက်ကြောင်း ကြေညာခဲ့သည်။

အစည်းအဝေးအတွင်း အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို စိစစ်ရေးကော်မတီကို ဥက္ကဋ္ဌအဖြစ် ဒေါ်ထားယုခိုင်၊ ဝက်လက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးကျော်လွင်ဦး၊ ကသာမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးအောင်ဇော်ဝင်း၊ ဟုမ္မလင်းမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) အဖွဲ့ဝင်၊ ဦးမင်းအောင်၊ပင်လည်ဘူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဒေါ်နှင်းဝတ်ရည်၊ ဆားလင်းကြီးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) အဖွဲ့ဝင်၊ ဦးအောင်ဇော်မင်း၊ ဝန်းသိုမြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ကြည်း ၃၃၆၈၈၊ ဗိုလ်မှူးမင်းဇော်တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ကြည်း ၃၅၀၅၁ ၊ဗိုလ်ကြီးတိုးမြင့်ဝင်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဝင်၊ ဦးထိန်မင်း၊ ဝန်းသိုမြို့နယ်ကိုယ်စားလှယ်အမှတ်(၁) အတွင်းရေးမှူးတို့ဖြင့်ဖွဲ့စည်းပြီး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့် ရပိုင်ခွင့် သက်တမ်းများကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့သည်။

ထို့ပြင် စက်မှု၊ လက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ဆိုင်ရာကော်မတီကို ဗန်းမောက်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂)၊ ဦးထွန်းလွင်၊ ကနီမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးခင်မောင်လွင်၊ တမူးမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးသောင်းထိုက်၊ ချောင်းဦးမြို့နယ်ကိုယ်စားလှယ်အမှတ်(၁)၊ ဒေါ်သန်းအေး၊ မြောင်မြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ၊ ဦးရဲနောင်၊ ကလေးဝမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ၊ ဦးထိန်ဝင်းအောင်၊ ကနီမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) ၊ ကြည်း ၅၃၇၂၈၊ ဗိုလ်မှူးငြိမ်းချမ်းကို ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ လေ ၃၅၀၂၊ ဗိုလ်ကြီးထွန်းသန်းဝင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်၊ ဦးကျော်စိုးဦး၊ ခင်ဦးမြို့နယ်ကိုယ်စားလှယ်အမှတ်(၂) တို့ဖြင့်ဖွဲ့စည်းခဲ့ပြီး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်များကို အတည်ပြုခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ် ဦးကိုလေးက ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၀ အရ လွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင်လက်မှတ်ရေးထိုးခြင်း တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့မှ ၂၀၁၃ခုနှစ် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၆၀)၊ (ခ) (၆၁)တို့အရလွှတ်တော် ဥက္ကဋ္ဌရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာတွင်လက်မှတ်ရေးထိုးခြင်းဆောင်ရွက်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ် ဦးကိုလေးက လွှတ်တော်သို့ မိန့်ခွန်းပြောကြားခဲ့ပြီး ထိုမိန့်ခွန်းကို လွှတ်တော်မှ မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (သတ္တမနေ့) ကို ရပ်နားကြောင်းနှင့် အစည်းအဝေးကို အောင်မြင်စွာပြီးမြှောက်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
#PAN