(မှုခင်း) ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းတွင် ဂက်စ်အိုးအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဌာနမှ သိရသည်။

ဧပြီလ ၁၀ ရက်နေ့ မွန်းလွှဲ ၂နာရီ၅၀မိနစ်အချိန်က ပုသိမ်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အကျော်တန်းလမ်းတွင် ဂက်စ်အိုးအရောင်းဆိုင်တွင် မီးဖိုစမ်းသပ်ပြုပြင်နေစဥ် ဂက်စ်အိုးဖွင့်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊မီးလောင်သည့်နေရာသို့ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် အနီးရှိိ ဆိုင်ခန်း ၅ခန်း မီးလောင်ဆုံးရှုံးသည့်အပြင် အမျိုးသား ၁ ဦးသေဆုံးပြီး အမျိုးသား၂ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#PAN